Ep-28

3.1K 382 4
                                    

Unicode

အခန်း ၂၈
......

မုစုစိတ်ကောင်းဝင်နေသည်ကိုမြင်သောအခါ မန်နေဂျာသည်တစ်ခုခုကိုရုတ်တရက်သတိရသွားပြီး "ပြခန်းသခင်ကြီးကို လျှောက်တင်စရာတစ်ခုရှိပါသေးတယ်"ဟုအလျှင်အမြန်ပြောလေသည်။

"ဘာလဲ?" ဟုမုစုမေးလေသည်။

"လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်တုန်းက ဆေ့အိမ်တော်ကနေစာတစ်စောင်ကို လူတစ်ယောက်နဲ့ထည့်ပေးလိုက်ပြီး သခင်ကြီးကိုပေးခိုင်းလိုက်ပါတယ်" ဟုသူနဲ့အတူကိုင်ဆောင်ထားတဲ့စာကို မုစုအားပေးရင်းဖြေလေသည်။

"ဆေ့အိမ်တော်က?" မုစုသည်စိတ်ဝင်စားသွားလေသည်။ ဆေ့သခင်ကြီးမှာ မုစုသည်ဘောင်ဝုရတနာပြခန်း၏အရှင်သခင်ဖြစ်သည်ကိုသိသောလူအနည်းစုထဲကတစ်ယောက်ဖြစ်လေသည်။

မုစုသည်ထိုစာကိုဖွင့်ဖတ်ပြီးတဖြေးဖြေးနှင့် သူ၏စိတ်ထဲတွင် ဒွိဟဖြစ်ရလေသည်။

"ယဲ့အိမ်တော်က ယဲ့ကျင့်ထန်ကငါ့ကိုတွေ့ချင်တယ်?"
အံ့သြသွားသောမျက်နှာနှင့် ခမ်းနားတဲ့အခန်းကြီး၏အတွင်းခန်းဘက်သို့ လှမ်းကြည့်လိုက်လေသည်။

အတွင်းခန်းထဲတွင်ထိုင်နေသောသူသည် အနည်းငယ်မျက်မှောင်ကြုပ်လိုက်လေသည်။

မန်နေဂျာသည် မုစုကြည့်လိုက်သည်ကိုသိသော်လည်း ထိုအတွင်းခန်းဘက်သို့လှမ်းမကြည့်ရဲသောကြောင့်သူ၏ခေါင်းကိုပို၍ငုံ့ကာဒူးထောက်နေလေသည်။

မနေ့ညကမုစုနှင့်အတူလူတစ်ယောက်ပါလာပြီး မုစုလိုအဆင့်မြင့်အာဏာရှိသူက ထိုသူအားအလွန်ရိုရိုသေသေပြုမူ ဆက်ဆံနေလေသည်။

မန်နေဂျာသည် သူ၏သခင်က ဂူဒိုင်းနန်းတော်ထံသေစ္စာခံထားသောသူဖြစ်သည်ကိုသတိရသွားသည်.... ထိုလူကနတ်ဘုရင်များဖြစ်နေမလား.....ထိုသိုတွေးမိရင်း မန်နေဂျာသည်ဆက်လက်၍ ထင်ကြေးမပေးရဲတော့ပဲသူ့အပြုအမူကို ဆင်ခြင်၍နေလေသည်။

ခနတာတုံ့ဆိုင်းနေပြီးနောက် မုစုသည်"ယဲ့ကျင့်ထန်နဲ့ ယဲ့အိမ်တော်ကဘယ်လိုပက်သက်နေသလဲ?"ဟုမေးလေသည်။

သူအရှင်မင်းကြီးနဲ့အတူလယဲ့အိမ်တော်ကမိန်းကလေးကို သွားကြည့်ခဲ့တုန်းက ထိုမိန်းကလေးနာမည်ကိုကော ထိုမိန်းကလေးမှာယဲ့ကျင့်ထန်းဖြစ်သည်ကိုကောမသိသေးပေ။

အင်အားကြီးမိဖုရား၏ ပြန်လည်ရှင်သန်ခြင်း(Myanmar Translation)Where stories live. Discover now