Ch-93

1.1K 137 0
                                    

Unicode
...
အခန်း ၉၃. ရှန်းလင်ဂိုဏ်း (၂)

"ဟိုကလူတွေက ရိုယွင့်အိမ်တော်ကလူတွေမဟုတ်ဘူးလား?" ဆေ့ယဲ့၏မျက်လုံးများသည် မလှမ်းမကမ်းကလူတစ်စုကိုဖြတ်ကနဲကြည့်မိလိုက်လေသည်။

ရိုယွင်အိမ်တော်အားတစ်လောကလုံးမှသိကြပြီး ထိုအိမ်တော်မှထိုအိမ်တော်မှပြုစိုပြိုးထောင်သော သိုင်းပညာရှင်များသည်အလွန်အစွမ်းကြီးကြလေသည်။ဆေ့နဲ့ယဲ့အိမ်တော်လိုအိမ်တော်ကြီးများသည် ရိုးယွင်အိမ်တော်နှင့်ယှဉ်ပါကသူတို့ရှေ့တွင်ခွေးပေါက်လေးသာသာလောက်သာရှိလေသည်။

ယဲ့ကျင့်ထန်သည်ဆေ့ယဲ့ကြည့်နေသည့်နေရာကို လိုက်ကြည့်ရာသူမထင်ထားသလိုပဲ ကောင်းမွန်ခမ်းနားစွာဝတ်ဆင်ထားသော တောက်ပြောင်လှပနေသည်လူတစ်စုကိုတွေ့လိုက်ရလေသည်။

အဖွဲ့အားဦးဆောင်လာသူမှာလူလတ်ပိုင်းအရွယ်ထူးခြားနေသောပုံပန်းသွင်ပြင်ရှိသည်ယောကျ်ားတစ်ယောက်ဖြစ်ပြီး ထိုလူသည်လူငယ်တစ်ယောက်အားတိတ်တဆိတ်စကားပြောနေလေသည်။ ခေါင်းငုံ့ကာနားထောင်နေသောထိုလူငယ်အား ယဲ့ကျင့်ထန်၏အကြည့်များရောက်သွားစဉ်တွင် သူမမျက်လုံးများသည် ထိန်ချုပ်မရပဲလှုပ်ခါသွားမိလေသည်။

[ကျင့်ထန်! မြန်မြန်ထွက်သွားတော့!]

မိုးသည်းထန်စွာရွာသွန်းသောညတစ်ညတွ င်ထိုလူငယ်သည်သူမအရှေ့တွင်သေလောက်သည့်တိုက်ခိုက်မှုအားခုခံရင်း သွေးများချွေးများကြားထဲတွင်ရပ်နေလေသည်။

"ဆရာတူအကိုယွင့်.... "ဟုယဲ့ကျင့်ထန်သည်ထိုလူငယ်၏မျက်နှာအား ကြည့်ရင်းတိတ်တဆိတ်ရေရွတ်မိလေသည်။

"ကျင့်ထန် ရိုယွင့်အိမ်တော်ကလူတွေကိုမင်းသိတာလယး?" ဆေ့ယဲ့သည်ယဲ့ကျင့်ထန်၏ထူးခြားနေသောအမူအရာကို ခံစားမိသောကြောင့်မနေနိုင်ပဲမေးလေသည်။

ယဲ့ကျင့်ထန်သည်ချက်ချင်းသတိပြန်ဝင်လာပြီး ချက်ချင်းသူမခေါင်းကိုခါလိုက်လေသည်။

သူ့အပေါ်အကြွေးတင်နေသည်မှာ သူမဖြစ်သည်။

သူမအရင်ဘဝတွင်ရှန်းလင်ဂိုဏ်းကိုဝင်သောအချိန်တွင် အတွင်းအားအမြစ်မရှိသဖြင့်သင်ယူသောအရာများတွင် အခက်အခဲများရှိခဲ့သောကြောင့်ဆရာတူအကိုများ နှင့်ဆရာတူညီများ၏လှောင်ပြောင်သရော်ခြင်းကိုခံခဲ့ရလေသည်။

အင်အားကြီးမိဖုရား၏ ပြန်လည်ရှင်သန်ခြင်း(Myanmar Translation)Where stories live. Discover now