Ep-43

3K 319 7
                                    

Unicode

အခန်း ၄၃. အတင်းအဖျင်းစကား (၂)

လူတိုင်းအချင်းချင်းဆွေးနွေးငြင်းခုန်နေကြချိန်တွင် အရပ်ရှည်ရှည်ရုပ်ဖြောင့်ဖြောင့်လူငယ်တစ်ဦး စင်ပေါ်သို့ရုတ်တရက်တက်လာကာ ယဲ့ကျင့်ထန်ဘေးသို့ဦးတည်သွားလေသည်။

လူတိုင်း၏မျက်လုံးများက ယဲ့ကျင့်ထန်ဘေးတွင်ရပ်နေသောလူငယ်ထံရောက်သွားကြလေသည်။ ထိုလူငယ်က ကျက်သရေရှိပြီးထက်မြက်တဲ့ဆေ့အိမ်တော်က တတိယဆေ့သခင်လေးဆေ့ဘိုင်မဟုတ်လား?

"ထန်ထန် ကန်တော့ပွဲပြီးသွားပြီဆိုတော့ဘာလို့ဒီမှာအချိန်ထပ်ဖြုန်းနေအုံးမှာလည်း? အဖိုးကဒီနေ့သူနဲ့တူတူ စစ်တုရင်ကစားဖို့ပြန်ခေါ်လာခဲ့ဖို့မှာလိုက်တယ်" ဟုယဲ့ကျင့်ထန်အားပြူငှါဖော်ရွေစွာကြည့်ပြီးပြုံးပြလေသည်။

"ဟုတ်" လူတွေရဲ့အကြည့်ကိုဂရုစိုက်မနေပဲ ယဲ့ကျင့်ထန်သည်ဆေ့ဘိုင်အားပြုံး၍ခေါင်းငြိမ့်ပြကာ ကန်တော့စင်ပေါ်မှ ဆေ့ဘိုင်နှင့်အတူဆင်းသွားလေသည်။

"ဘယ်လိုဖြစ်တာလည်း? တတိယဆေ့သခင်လေးကယဲ့သခင်မလေးနဲ့ရင်နှီးနေကြတယ်?"

"ခုနကယဲ့မိန်းကလေးကို တတိယဆေ့သခင်လေးဘယ်လိုခေါ်လိုက်တယ်ဆိုတာမင်းမကြားလိုက်ဘူးလား? ထန်ထန်တဲ့.... ကြည့်ရတာတော့သူတို့ရင်းနီးမှုက သာမန်ရင်းနှီးမှုတော့မဟုတ်လောက်ဘူး"

"ဆေ့အိမ်တော်နဲ့ယဲ့အိမ်တော်က မတည့်ကြဘူးမဟုတ်ဘူးလား? ဘာလို့ဆေ့အိမ်တော်ရဲ့သခင်ကြီးက ယဲ့ကျင့်ထန်ကိုဆေ့အိမ်တော်ကိုလာဖို့ခေါ်ရတာလဲ?"

လူတိုင်း၏ခေါင်းထဲတွင်အတွေးပေါင်းများစွာသည် ယဲ့ကျင့်ထန်နှင့်ဆေ့ဘိုင်တို့အတူစင်အောက်သို့ ဆင်းသွားသောအချိန်တွင်ပြည့်နှက်သွားကြလေသည်။ လှပသောယဲ့ကျင့်ထန်နှင့်ချောမောသောဆေ့ဘိုင်တို့အတူတူ လမ်းလျှောက်သွားကြသည့်မြင်ကွင်းမှာ ပန်းချီကားတစ်ချပ်သကဲ့သို့လူတစ်ယောက်၏မျက်လုံးကိုကျေနပ်မှုပေးလေသည်။

ဆေ့ဘိုင်တွင်လူတိုင်းကိုသာမန်သာပြောဆိုတက်ပြီး ဆေ့အိမ်တော်ကလူများမှလွဲ၍တခြားသူများနှင့် ထိတွေ့ဆက်ဆံမှုမရှိသည်ကိုလူတိုင်းသိထားကြသော်လည်း အခုသူသည်ယဲ့ကျင့်ထန်အားလူရှေ့တွင်အိမ်ကိုလာရန်ဖိတ်လေသည်။ ထို့အပြင်ဆေ့ဘိုင်နှင်ယဲ့ကျင့်ထန်တို့မှာ အလွန်ရင်းနှီးနေကြလေသည်။ အဲ့လိုသာဆို.....

အင်အားကြီးမိဖုရား၏ ပြန်လည်ရှင်သန်ခြင်း(Myanmar Translation)Where stories live. Discover now