Ep-47

2.1K 217 0
                                    

Unicode

အခန်း ၄၇. လုပ်ကြံသတ်ဖြတ်ခြင်း (၁)
.........

အိမ်တော်အရှင်သခင်နေရာကို လိုချင်နေသောအကြီးကဲက ယဲ့ကျင့်ထန်အားအသက်ချမ်းသာပေးမည်မဟုတ်ပေ။ထိုအတွေးဖြင့်ယဲ့ရွှန်းသည် အကြီးကဲကိုချက်ချင်းသွားတွေ့လေသည်။

စာကြည့်ခန်းထဲတွင်ထိုင်နေသောအကြီးကဲသည် ယဲ့ရွှန်းအားခံစားချက်မဲ့သောမျက်လုံးများဖြင့် ကြည့်လေသည်။

"ကျမဖိုးဖိုးအိမ်တော်ကို ပြန်လာတာကိုကြိုတင်မသိလိုက်လို့ ဖိုးဖိုးကို ကြိုဆိုဖို့မပြင်ဆင်လိုက်နိုင်ဘူး။ အဲ့တာသမီးအမှားပါ" ဟုယဲ့ရွှန်းသည်အကြီးကဲထံမှ ခွင့်လွတ်မှုရရန်တောင်းပန်လေသည်။

"ထ,  မင်းအပြစ်မဟုတ်ဘူး" ငါလည်းအခုလိုစောစောပြန်ရောက်လာမယ်လို့မထင်ထားခဲ့ဘူး ဟုအကြီးကဲသည် သူ့အားဂါဝရပြုနေသောယဲ့ရွှန်းအား လက်အနည်းမ၍ထရန်အချက်ပြလေသည်။

ယဲ့ရွှန်းသည်ရိုသေလိမ္မာစွာဖြင့် "ဖိုးဖိုးခရီးသွားထားရတော့ ပင်ပန်းနေမှာပဲ။ အခုမမရို့က ယွင်ရှောင်းဂိုဏ်းကိုဝင်နိုင်ပြီဆိုတော့ သူမအနာဂတ်က အကန့်အသတ်မရှိတိုးတက်နိုင်ပြီပေါ့နော်" ဟုပြောလေသည်။

အကြီးကဲသည် ယဲ့ရွှန်း၏စကားများကြောင့် ကျေနပ်နေလေသည်။ "ငါမရှိတဲ့အချိန်မှာ ယဲ့ကျင့်ထန်ကောင်းကောင်းမွန်မွန်နေရဲ့လား?"

"သူမအတော်စကားနားထောင်ပြီး သူမအတွင်းအားအမြစ်က တကယ်တော့အခိုးခံလိုက်ရတာကို ယဲ့လင်းကိုသူမလုံးဝမပြောသေးပါဘူး" ဟုယဲ့ရွှန်းသည်အမှန်အတိုင်းဖြေလေသည်။

အကြီးကဲသည် ခေါင်းအနည်းငယ်ငြိမ့်လိုက်သော်လည်း သူ၏အသံမှာအနည်းငယ်အေးစက်သွားလေသည်။

"ကြည့်ရတာတော့ သူမအတွက်ဘာကအကောင်းဆုံးဖြစ်မလဲဆိုတာသိပုံပဲ။ အကယ်၍သူမပါးစပ်သရမ်းရင်တော့ အသည်းနှလုံးမရှိဘူးလို့ သူမငါ့ကိုလာပြီးအပြစ်တင်လို့မရဘူး"

အကြီးကဲ၏ကောက်ကျစ်ယုတ်မာသော မျက်နှာအားကြည့်ရင်းယဲ့ရို့သည်ရုတ်တရက် "ယဲ့ကျင့်ထန်ကအတွင်းအားအမြစ်ကိစ္စနဲ့ ပက်သက်ပြီးစကားနားထောင်ပေမယ့်......ဒီနေ့ကောင်းကင်ကန်တော့ပွဲမှာယဲ့ကျင့်ထန်ရဲ့အစွမ်းကတော့ နည်းနည်းထူးဆန်းနေတယ်"ဟုပြောလေသည်။

အင်အားကြီးမိဖုရား၏ ပြန်လည်ရှင်သန်ခြင်း(Myanmar Translation)Where stories live. Discover now