Ep-49

2.3K 236 1
                                    

Unicode

အခန်း ၄၉. လုပ်ကြံသတ်ဖြတ်ခြင်း (၃)
.....

ယဲ့ကျင့်ထန်၏စကားများသည် ထိုလူလေးယောက်အားဆွံ့အသွားစေသည်။သူတို့လေးယောက်သည် မျက်နှာကိုဖုံး၍လာခဲ့သည်၊ ဒါဆိုသူတို့ဘယ်သူဘယ်ဝါဆိုဖြစ်သည်ကို ဒီမိန်းကလေးဘယ်လိုသိသနည်း?

"ဒီများပြားတဲ့ငွေပမာဏ အတိအကျကို ကျွန်မခန့်မှန်းကြည့်မယ်။ တစ်သောင်းမလား?"ဟုယဲကျင့်ထန်သည်ပြုံး၍ပြောလေသည်။

ကျင့်လောင်ဆိုင်မှလာသောလူလေးယောက်သည် မျက်မှောင်ကြုပ်သွားကြလေသည်။ သူတို့ပါးစပ်မှထုတ်မပြောသော်လည်း သူတို့၏တိတ်ဆိတ်နေခြင်းမှာ ယဲ့ကျင့်ထန်အတွက်အဖြေပင်ဖြစ်လေသည်။

ယဲ့ကျင့်ထန်သည်ပြုံးလိုက်ကာ "တစ်ကယ်ပဲရွှေတစ်သောင်းလား? ရှင်တို့ကိုရွှေတစ်သောင်းပဲ ပေးရလောက်အောင်ယဲ့အိမ်တော်ရဲ့အကြီးကဲကအဲ့လောက် ကပ်စေးနဲလိမ့်မယ်လို့ ကျမလုံးဝမထင်ထားဘူး"ဟုဆက်၍ပြောလေသည်။

ယဲ့အိမ်တော်ရဲ့အကြီးကဲ?ထိုလူလေးယောက်သည် ယဲ့ကျင့်ထန်မှတမင်အချိန်ဆွဲနေသည်ဟု ထင်ထားခဲ့သော်လည်း သူတို့မထင်ထားခဲ့သည်မှာ...... ယဲ့ကျင့်ထန်သည်သူတို့မည်သူဖြစ်ကြောင်းသိနေသည့်အပြင် သူတို့ကိုငြားသည့်သူမှာ ယဲ့အိမ်တော်၏အကြီးကဲဖြစ်သည်ကိုပင် သိနေလေသည်။

ထိုခဏအတွင်း လူလေးယောက်၏တုန့်ပြန်မှုများမှာ ထူးဆန်းစွာအနည်းငယ်ပြောင်းလဲသွားလေသည်။

"မိန်းကလေး မင်းကဘာကိုပြောချင်နေတာလဲ"ဟုခေါင်းဆောင်မှအေးစက်စွာမေးလေသည်။

ယဲ့ကျင့်ထန်က "ဘားမှထွေထွေထူးထူးမဟုတ်ပါဘူး။ ကျမက ရှင်တို့ရဲ့အစွမ်းအစကိုထောက်ရင် ရွှေတစ်သောင်းဆိုတဲ့ပမာဏက အရမ်းနည်းနေသလားလို့တွေးနေတာပါ။ အကြီးကဲကရွှေတစ်သောင်းပဲပေးတာ  ရှင်တို့ရဲ့အစွမ်းအစတွေကိုလျော့တွက်နေသလိုမျိုးဖြစ်မနေဘူးလား? ဒီလိုလုပ်၊ ရှင်တို့အကြီးကဲကိုအစအနဖျောက်ပေးရင် ကျမရှင်တို့ကိုရွှေလေးသောင်းပေးမယ်" ဟုပြောလေသည်။

ယဲ့ကျင့်ထန်၏စကားကြောင့်လူလေးယောက်မှာ လန့်သွားလေသည်။

ရွှေစလေးသောင်း?

အင်အားကြီးမိဖုရား၏ ပြန်လည်ရှင်သန်ခြင်း(Myanmar Translation)Where stories live. Discover now