Ch-77

1.5K 178 0
                                    


အခန်း ၇၇. ပြဇာတ်ကောင်းတစ်ပုဒ်(၃)
...

သို့သော်လည်း.....

သူစာကိုတစ်ချက်ကြည့်လိုက်သောအခါ အလွန်ထိတ်လန့်သွားလေသည်။ စာထဲရှိအကြောင်းအရာများသည် သူကိုယ်တိုင်ရေးထားခြင်းဖြစ်လေသည်။ သို့သော်လည်းဒီစာမှာ သူကျင့်လောင်ဆိုင်သို့ပို့သောစာဖြစ်လေသည်။ ဒီစာ၏မူလရည်ရွယ်ချက်မှာ ယဲ့လင်းအားလုပ်ကြံရန်ကျင့်လောင်ဆိုင်အားပြောချင်းဖြစ်လေသည်။ ဘာလို့....ဘာဖြစ်လို့ပစ်မှတ်ကယဲ့ကျင့်ထန်ဖြစ်သွားသနည်း?

အကြီးကဲသည်အံသြသွားပြီး ယဲ့ကျင့်ထန်အားချက်ချင်းလှမ်းကြည့်လိုက်လေသည်။

ကျင့်လောင်ဆိုင်မှလုပ်ကြံသူများအား ထိုနေ့တွင့်ယဲ့လင်းအားလုပ်ကြံရန်တာဝန်ပေးခဲ့သော်လည်း ထိုအစာသူ့အားလာရောက်လုပ်ကြံသတ်ဖြတ်ဖို့လုပ်ခဲ့လေသည်။အကြီးကဲသည်ထိုအချိန်တုန်းကတစ်ခုခုလွဲနေသည်ဟုခံစားခဲ့လေသည်။ အခုသူသည်ထိုလူလေးယောက်အား အနီးကပ်ကြည့်လေသည်။ ထိုလူများသည်အဲ့နေ့ကလူသတ်သမားလေးယောက်ပဲဖြစ်သည်!

ထိုလူလေးယောက်သည်ယဲ့ကျင့်ထန်အား သစ္စာခံလိုက်သည်မှာဖြစ်နိုင်မည်လား? ပြီးတော့ဒီနေ့ဖြစ်ပျက်သည့်ကိစ္စအားလုံးဟာလည်း သူမစီစဉ်ထားသည်များဖြစ်နေမည်လား?

မည်သို့ပင်ဖြစ်စေကာမူ အကြီးကဲသည်အလုံးစုံတို့ကိုအဖြေရှာတွေ့သွားသော်လည်းသူသည် ထိုစာ၏မူလဇာတ်မြစ်ကိုရှင်းပြန်ကလည်းမရပေ။ ထိုစာ၏မူလပစ်မှတ်မှာယဲ့အိမ်တော်ရဲ့အရှင်သခင်ယဲ့လင်းဖြစ်လေသည်။

ယဲ့လင်းဖြစ်စေယဲ့ကျင့်ထန်ဖြစ်စေ သူတို့နစ်ဦးအားလုပ်ကြံသတ်ဖြတ်ဖို့လုပ်ခြင်းသည်အလွန်ကြီးလေးသောပြစ်ဒါဏ်ဖြစ်လေသည်!

"အကြီးကဲအိမ်တော်ရဲ့အမွေဆက်ခံသူကိုလုပ်ကြံဖို့လုပ်တာ။ သူကိုအခုဖမ်းလိုက်ကြ!" ဟုယဲ့လင်းအမိန့်ပေးလေသည်။

ယဲ့လင်း၏စကားအဆုံးတွင်ဒုတိယအကြီးကဲသည် အကြီးကဲအားစတင်၍တိုက်ခိုက်လေတော့သည်။

အကြီးကဲသည်အခြေအနေများယခုကဲ့သို့ဖြစ်လာမည်ဟုမထင်ထားပေ။ ဒုတိယအကြီးကဲတိုက်ခြင်းကိုသာပြန်ခုခံနိုင်စွမ်းသာရှိလေသည်။

အင်အားကြီးမိဖုရား၏ ပြန်လည်ရှင်သန်ခြင်း(Myanmar Translation)Where stories live. Discover now