Ep-33

2.7K 285 0
                                    

Unicode

အခန်း ၃၃. မီးတောက်အဆိပ် (၃)

ဆေ့ဘိုင်သည်ပြုံးလိုက်ပြီး "အစ်ကို အဲ့တာကို စိတ်ပူစရာမလိုပါဘူး။ အစ်ကိုသတိထားမိလား ကျတော်အရင်ကထက် ကျန်းမာနေတာကိုလေ?"ဟုမေးလေသည်။

ဆေ့ယဲ့သည်ဆေ့ဘိုင်အား စစ်ဆေးကြည့်လေသည်။ ဆေ့ဘိုင်၏မျက်နှာမှာဖြူဖျော့နေသေးသော်လည်း အသက်ရှုသံမှာပုံမှန်အတိုင်းတည်ငြိမ်နေလေသည်။

"ငါအဖိုးဆီကကြားတာတော့ ယဲ့ကျင့်ထန်ကမင်းအတွက် ဆေးညွှန်းနှစ်ခုရေးပေးတယ်ဆိုလားပဲ?"

"ဟုတ်တယ်"

ဆေ့ယဲ့သည် လှောင်ရယ်ရယ်လေသည်။

ယဲ့ကျင့်ထန်ဆီမှာ ဆေ့ဘိုင်၏ရောဂါအတွက်ဆေးညွှန်ရှိသည်ဟုသာ အဓိပ္ပါယ်သက်ရောက်ပြီး သူမတွင်ဆေးပညာရှိသည်ဟု သက်သေမပြနိုင်ပေ။

ဆေ့ဘိုင်သည် သူ၏အစ်ကိုယဲ့အိမ်တော်အပေါ် ခါးခါးသက်သက်မုန်းတီးနေသည်ကိုမြင်ရသဖြင့် ဘာမှထပ်မပြောတော့ပဲ တိတ်ဆိတ်စွာနေလိုက်လေသည်။

သူတို့နှစ်ယောက်သည် ထိုအခန်းအားတဒင်္ဂကြာမျှကြည့်နေကြပြီး ထိုအခန်းထဲမှမည်သည့်အသံမှမကြားကြပေ။ ထို့နှောက်သူတို့သည် ဆေ့ချောင်ရှိသည့်အခန်းသို့ထွက်သွားကြလေသည်။

ဆေ့ချောင်အား မီးသားရဲမှတိုက်ခိုက်သည့်အချိန်တွင် ဆေ့ယဲ့ရှိနေလေသည်။ သူ၏ညီမည်ကဲ့သိုထိခိုက်ဒါဏ်ရာရသည်ကို သူမျက်မြင်ကိုယ်တွေ့ကြုံခဲ့ရပြီ သူဘယ်လောက်နောင်တရ ကြေကွဲနေရသည်ကို မည်သူမျှနားလည်နိုင်မည်မဟုတ်ပေ။

"ဆေးဆရာကြီးဇူ ကျတော့်ရဲ့ညီလေးဘယ်လိုနေသလဲ? သူအချိန်ဘယ်လောင်ကျန်သေးလဲ?" ဆေ့ယဲ့သည် မီးတောက်အဆိပ်ကြောင့်နီရဲကာမီးလောင်ထားသည့်နီးနီးဖြစ်နေသော သူ၏ညီရဲ့မျက်နှာအားစိုးရိမ်စွာဖြင့်ကြည့်လေသည်။

ဆေးဆရာကြီးဇူသည်လည်း မျက်နှာလုံးဝမကောင်းပဲဖြစ်နေလေသည်။ "ငါ မင်းကိုလုံးဝမညာချင်ဘူး။ သူ့မှာအလွန်ဆုံးသုံးရက်ပဲကျန်တော့တယ်။ အကယ်၍မီးတောက်အဆိပ်ကိုဖြေဖို့ နည်းလမ်းရှာမတွေ့ဘူးဆိုရင်.... သူဒီထက်ပိုပြီး အသက်မရှင်ဖို့မဖြစ်နိုင်ဘူး"

အင်အားကြီးမိဖုရား၏ ပြန်လည်ရှင်သန်ခြင်း(Myanmar Translation)Where stories live. Discover now