Ep-41

2.6K 301 4
                                    

Unicode


အခန်း ၄၁. ကောင်းကင်ဘီးလုံး(၃)
......

"ငါမျက်လုံး...ငါမျက်စိများအမြင်မှားတာလား? ယဲ့ကျင့်ထန်ကကောင်းကင်ဘီးလုံးကိုလေးပတ်တောင် လည်အောင်တကယ်ပဲလှည့်နိုင်တယ်?!"

"လေးပတ်..... ဒါဆိုယဲ့ကျင့်ထန်က အခြေခံအဆင့်၇ကိုရောက်ရှိနေပြီးသားလား? ဒါ....ဒါပေမယ့်သူမအတွင်းအားအမြစ်က ပျက်စီးသွားပြီမဟုတ်ဘူးလား?"

အံ့အားသင့်မယုံကြည့်နှိုင်သော စကားပြောသံများသည် မိုးချိန်းသံများသကဲ့သို လူအုပ်ကြီးထဲမှပေါက်ကွဲထွက်လာလေသည်။

သူတို့သည်အစတွင် ယဲ့ကျင့်ထန်သည်လုံးဝ ကောင်းကင်ဘီးလုံးကိုမလှည့်နိုင်လောက်ဘူး ဟုတွေးထားကြသော်လည်း သူမသည်သူတို့မျက်စိရှေ့တွင်အကြိမ်လေးပတ်အား တကယ်ပဲလှည့်ပြသွားခဲ့လေသည်။

ဒီအရာသည်မကြာသေးမှီက ဒဝမ်ထျန်းယောင်လှည့်ပြသွားသော သုံးကြိမ်ထက် တစ်ကြိမ်ကြီးများတောင်ပိုလေသည်။

ထိုခနအတွင်းလူတိုင်းသည် သူတို့မြင်လိုက်ရသောအရာကြောင့် မှင်သက်အံ့အားသင့်သွားကြလေသည်။

စင်အောက်တွင်ရှိနေသော ယဲ့လင့်မှာလည်းမျက်လုံးများပြူးကာအံသြသွားလေသည်။ သူ၏သမီးသည်ကောင်းကင်လှည့်ဘီးလုံးကို တကယ်ပဲလှည့်နိုင်မည်ဟုဘယ်သောအခါမျှ ထင်မထားသည့်အပြင်.....အခုလေးပတ်လှည့်နိုင်မည်ဟု စဉ်းတောင်မစဉ်းစားဖူးပေ!

ယဲ့ကျင့်ထန်အရှက်ကွဲသည်ကို ကြည့်ချင်ခဲ့ကာရည်ရွယ်ချက်ရှိရှိဖြင့်နူးညံ့စွာလုပ်၍ပြုံးနေသောယဲ့ရွှန်းမှာ ယဲ့ကျင့်ထန်လေးပတ်အပြည့် လှည့်ပြသွားသည်ကိုမြင်သောအခါ ထိုအပြုံးနှင့်အတူမှင်သက်နေလေသည်။

ဒါဘယ်လိုဖြစ်နိုင်မှာလဲ?

ဘယ်လိုလုပ်ယဲ့ကျင့်ထန်က အခြေခံအတွင်းအားအဆင့် ၇ဆင့်ကိုရောက်နေတာလဲ?

သူမရဲ့အတွင်းအားအမြစ်က ပျက်စီးသွားပြီမဟုတ်ဘူးလား?

အနည်းငယ်ထိတ်လန့်သွားပြီး သူမဘေးရှိဒဝမ်ထျန်းယောင်အား ကြည့်လိုက်ရာ ဒဝမ်ထျန်းယောင်၏မျက်နှာပေါ်တွင် သူမထင်သည့်အတိုင်း အံ့အားသင့်မှုများဖြင့်ပြည့်နက်နေလေသည်။

အင်အားကြီးမိဖုရား၏ ပြန်လည်ရှင်သန်ခြင်း(Myanmar Translation)Where stories live. Discover now