Ep-44

2.7K 319 7
                                    

အခန်း. ၄၄. အတင်းအဖျင်းစကား (၃)

ယဲ့ကျင့်​ထန်​သည်​​ဆေ့အိမ်​​တော်​မှအသက်​၂​ချောင်းကိုကယ်​ကင်​ခဲ့​လေသည်​။ အကယ်​၍မုစုလက်​မခံခဲ့လျှင်​ ​ဆေ့သခင်​ကြီးသည်​ယဲ့ကျင့်​ထန်းအားမည်​သို့ပြန်​​ပြောရမည်​ကိုသိမည်​မဟုတ်​​ပေ။ အခုလိုမျိုးအားလုံးအဆင်​​ပြေသွားသည်​မှာ​ကောင်း​လေသည်​။

"​ကျေးဇူးအများကြီးတင်​ပါတယ်​သခင်​ကြီး"ဒီတစ်​ကြိမ်​တွင်​မူ ယဲ့ကျင့်​ထန်​သည်​သူမစိတ်​နှလုံးထဲက​နေပြီး​ကျေးဇူးတင်​​လေသည်​။ ​ဆေ့အိမ်​​တော်​၏အဆက်​အသွယ်​​ကြောင့်​သာမဟုတ်​ခဲ့လျှင်​ မုစုလိုအာဏာအစွမ်းကြီးတဲ့သူမျိုးနှင့်​သူမ​တွေ့ဆုံဖို့ဆိုသည်​မှာဖြစ်​နိုင်​မည်​မဟုတ်​​ပေ။

သူမမုစုနှင့်​​တွေ့လျှင်​သူမ၏အစီအစဉ်​မှာ​ဧကန်​အမှန်​စမည်​ဖြစ်​​လေသည်​။

"ငါ့ကို​ကျေးဇူးတင်​စရာမလိုပါဘူး"​ဆေ့သခင်​ကြီးသည်​ပြုံးကာ "ကျင့်​ထန်​ မင်းက​ဆေ့အိမ်​​တော်​ရဲ့လူစိမ်းမဟုတ်​​တော့ဘူး​လေ။ အခုကစပြီး ငါ့ကိုသခင်​ကြီးလို့မ​ခေါ်နဲ့​တော့။ ငါ့​မြေး​တွေ​ခေါ်သလိုပဲအဖိုးလို့​ခေါ်" ဟု​ပြော​လေသည်​။

သူမသည်​အနည်းငယ်​ပြုံးသွားကာ "ဟုတ်​ကဲ့ ဖိုးဖိုး​ဆေ့" ဟုရှင်းရှင်းလင်းလင်းပြန်​​ဖြေ​လေသည်​။

ဆေ့သခင်​ကြီးသည်​​ပျော်​ရွှင်​စွာရယ်​​မောရင်း ​ပြောစရာများကိုစဉ်းစား​နေ​လေသည်​။

"ကျင့်​ထန်​ အဖိုးကို​​လေ​ကြောရှည်​တယ်​လို့မထင်​နဲ့​နော်​။ သမီးက မုစုကို​တွေ့ချင်​တာဆို​တော့ သူ့ကိုရိုရိုသေသေရိုးရိုးသားသားဆက်​ဆံရမယ်​​နော်​။ သခင်​ကြီးမုစုကအမြင်​ကျယ်​ပြီးသူ့ကိုလှည့်​ဖြားတာမျိုးမကြိုက်​ဘူး။ သမီးအဲ့တာ​တော့မှတ်​ထားရမယ်​​နော်​"

"ဟုတ်​ကဲ့" ယဲကျင့်​ထန်​သည်​ သူမအား​ဆေ့သခင်​ကြီးမသတိ​ပေးသည်​ကိုသိ​လေသည်​။

ချီးကျူးမှုများသည်​​ဆေ့သခင်​ကြီး၏မျက်​လုံးများထဲတွင်​​ပြည့်​နက်​သွား​လေသည်​။ ယဲ့ကျင့်​ထန်​သည်​သူမုန်း​သောယဲ့အိမ်​​တော်​ကလာ​သော်​လည်း သူမနှင့်​ထိ​တွေ့ဆက်​ဆံမှုများလာ​လေ​လေ အသိပညာရှိပြီးထက်​မြတ်​​သော​ကောင်​မ​လေးအားသူပိုသ​ဘောကျလာ​လေ​လေဖြစ်​​လေသည်​။ သူမတွင်​ မာန်​မာန နှင့်​ ​ပေါ့ပျက်​ပျက်​ဖြစ်​​သောအရာတစ်​စိုးတစ်စအားသူမမြင်​​ပေ။

အင်အားကြီးမိဖုရား၏ ပြန်လည်ရှင်သန်ခြင်း(Myanmar Translation)Where stories live. Discover now