Ep-35

3K 364 11
                                    

Unicode

အခန်း ၃၅. မီးတောင်အဆိပ် (၅)

"ယဲ့သခင်မလေးက ကြိုပြီးပြင်ဆင်ထားတယ်ထင်တယ်။ ကျုပ်တို့သာအမုန့်ကိုဆေးအဖြစ်သုံးဖို့ကြိုးစားရင် အချိန်အများကြီးကြန့်ကြာနေမှာ။ အခုသူမကမီးအဆိပ်ဒါဏ်ရာအပေါ်ကို တိုက်ရိုက်ထည့်လိုက်တော့ မီးတောက်အဆိပ်ကိုချက်ချင်းထိန်းချုပ်နိုင်သွားတာပေါ့။ ဒီလိုနည်းလမ်းမျိုး..... ကျုပ်တစ်သက်မမြင်ဖူးဘူး" ဟုဆေးဆရာကြီးဇူသည် တအံ့တအားဖြင့်ပြောနေလေသည်။

ဆေ့ယဲ့သည် ယဲ့ကျင့်ထန်အားစိုက်ကြည့်နေလေသည်။ သူ့၏မျက်လုံးများသည် မေးခွန်းများနှင့်မယုံသင်္ကာဖြစ်မှုများ ထင်ဟပ်နေလေသည်။

မီးတောင်သားရဲ၏ အကြေးခွံအမှုန့်တစ်ပုလင်းလုံး သူမလောင်းချလိုက်ပြီးနောက် မီးလောင်ထားသောအရေပြားသည်  မယုံကြည်စရာကောင်းလောက်အောင် ပုံမှန်အတိုင်းပြန်ကောင်းလာလေသည်။  ဆေ့ချောင်၏ကိုယ်အပူချိန်သည်လနဂိုအတိုင်ပြန်ဖြစ်လာပြီး သူ၏အသက်ရှူသံမှာပို၍သက်တောင့်သက်သာဖြစ်လာလေသည်။

ထိုမြင်ကွင်းသည် အံ့သြဖွယ်ဖြစ်ရပ်တစ်ခုကဲ့သို့ ဆ့ဘိုင်အတွက်ဖြစ်ရလေသည်။

အမှုန့်အားလုံးလောင်းချပြီးသည့်နောက် ယဲ့ကျင့်ထန်သည်သူမ၏လက်ကိုပြန်သိမ်းလိုက်သည်။

ကြွေပုလင်းလေးအားသိမ်းလိုက်ပြီး သူမသည် "အခုအမှုန့်ကမီးတောက်အဆိပ်ကိုဆက်မပျံ့အောင် ထိန်းထားပေးတာဖြစ်ဆယ်။ ဒါပေမယ့်အဆိပ်လုံးဝပျယ်ပျောက်စေချင်ရင်တော့ ရေခဲတောင်ကြာပွင့်နဲ့မှရမယ်။"ဟုပြောလေသည်။

ဆေ့ယဲ့သည်ခံစားချက်များရှုပ်ထွေးစွာဖြင့် ယဲ့ကျင့်ထန်အားကြည့်လိုက်လေသည်။ သူသည်ဆေးဆရာကြီးဇူအား ဆေ့ချောင်၏အခြေအနေကိုစမ်းသပ်ခိုင်းလေသော်လည်း သူ၏အခြေနေကအရင်ကထက်ပို၍တည်ငြိမ်နေကာ ယဲ့ကျင့်ထန်ပြောသည့်အတိုင်းအကုန်မှန်နေလေသည်။

"ဒုတိယသခင်လေးကိုယ်ထဲမှာရှိနေတဲ့ မီးတောက်အဆိပ်ကတည်ငြိမ်သွားပြီ။ အရမ်းကြီးဆိုးဆိုးရွားရွားမရှိလောက်တော့ဘူး"

အင်အားကြီးမိဖုရား၏ ပြန်လည်ရှင်သန်ခြင်း(Myanmar Translation)Where stories live. Discover now