Ch-82

1.3K 172 1
                                    


Unicode
..
အခန်း ၈၂. ပိုးပန်းခြင်းမှာပညာတစ်ရပ်ဖြစ်သည် (၁)
...

နဂါးလေးမှာအလွန်သေးငယ်ပြီး ယဲ့ကျင့်ထန်၏လက်လောက်သာရှည်ကာ လက်နစ်လုံးစာသာသာ သာကြီးလေသည်။ ရုတ်တရက်ကြည့်ရင်မြွေကလေးနှင့် တူနေလေသည်။ သို့သော်လည်းသေချာကြည့်ပါက ခေါင်းပေါ်ရှိ နဂါးဂျိုသေးသေးလေးတစ်စုံအားတွေ့နိုင်လေသည်။

အတင်းမွေးချိန်မတန်ပဲမွေးလာသည့်အချက်အပြင် အင်အားကြီးသောစွမ်းအင်တစ်ခုသည် သူ့ခန္ဓာအားထိန်းချုပ်ပြီးနောက် သူ၏သေးငယ်အားနည်းနေသောကိုယ်အား လုံးဝအားကုန်သွားတဲ့အထိ အသုံးပြုကာထွက်သွားလေသည်။

ထိုအချိန်တွင်မိုးကြိုးနဂါးကလေးသည် အလွန်အားလျော့နေသည့်ပုံပေါက်နေပြီး ယဲ့ကျင့်ထန်၏လက်များထဲတွင် နုံးချည့်စွာနားနေလေတော့သည်။

အသွင်ပြောင်းတာကြောင့်များဖြစ်မလား?  သူမသည်ထိုပင်ပန်းနေသော နဂါးလေးအား ကြည့်ရင်းရီချင်သွားလေသည်။ ထို့နောက်  လက်ထဲတွင်နေရာသေချာချလိုက်သောအခါ နဂါးကလေးသည်ခွေခွေကလေးဖြစ်သွားပြီး ယဲ့ကျင့်ထန်လက်ထဲတွင် သက်သောင့်သက်သာဖြစ်သွားလေသည်။ သူမလက်ထဲတွင်သယ်ထားခြင်းမှာလုံးဝအခက်အခဲမရှိပေ။

"ဒါဆိုသမီးသခင်ကြီးမုစုကို အရင်သွားရှာလိုက်အုံးမယ်နော်"ဟုယဲ့ကျင့်ထန်ပြောလေသည်။

ယဲ့လင်းခေါင်ငြိမ့်လေသည်။ထို့နောက်ယဲ့ကျင့်ထန်သည် ချက်ချင်းထွက်သွားလေသည်။ထွက်သွားသောသူ၏ သမီးရဲ့နောက်ကျောကိုကြည့်ကာယဲ့လင်းသည်သက်ပျင်းချမိလေသည်။

"ထန်ထန်ကတကယ် အသက်ကြီးလာပြီပဲ" ဒုတိယအကြီးကဲသည်ပြုံးကာပြောလေသည်။ ယဲ့ကျင့်ထန်၏အကွက်ကြောင့်သာ ဒီနေ့သူတို့သည်အကြီးကဲကို အလဲထိုးနိုင်ခဲ့ခြင်းသာဖြစ်လေသည်။

"ဟုတ်တယ် သူမနောက်ဆုံးတော့အသက်ကြီးလာပြီ" ယဲ့လင်းသည်ရယ်လိုက်ပြီးခေါင်းကို ခါရမ်းလိုက်လေသည်။ ဘာကိုမျှထပ်မံ၍မပြောကြတော့ပဲ သူတို့နစ်ယောက်လုံးသည်အကြီးကဲ၏အလောင်းကိုဖျောက်ဖျက်ရန် ထွက်သွားကြလေသည်။

အင်အားကြီးမိဖုရား၏ ပြန်လည်ရှင်သန်ခြင်း(Myanmar Translation)Where stories live. Discover now