Ch-79

1.7K 194 8
                                    

Unicode

အခန်း ၇၉. လူနဂါးကလေး
.....

ကလေးလေးသည် ယဲ့ကျင့်ထန်နှင့်အကြည့်ချင်းဆုံသွားချိန်တွင် သူ၏ကျောက်စိမ်းရောင်မျက်လုံးလေးများမှ ရက်စက်ကြမ်းကြုပ်မှုများသည် လုံးဝပျောက်ကွယ်သွားလေသည်။ လူနဂါးကလေးသည် ယဲ့ကျင့်ထန်ဆီသို့ သူ၏ခြေထောက်တိုတိုလေးများဖြင့်ပြေးသွားလေသည်။

အကြီးကဲအား ရက်စက်ပြင်ထန်စွာရိုက်နက်ထားသော ကလေးလေးသည် အမြှီးလေးတစ်ရမ်းရမ်းဖြင့် ယဲ့ကျင့်ထန်ရှေ့တွင်မတ်တပ်ရပ်နေလေသည်။ လူတိုင်းသည်ထိုအရာလေးအား ကြည့်ကာအံ့သြနေကြလေသည်။ သူ၏လက်ကလေးများကိုအရှေ့တွင်ထားပြီး ယဲ့ကျင့်ထန်အားသူ၏မျက်လုံးဝိုင်းကြီးများဖြင့်ကြည့်ကာ သူမအားချွဲလေတော့သည်။

"မေမေ!မေမေ! သားမေမေ့ကိုရန်ရှာတဲ့ လူဆိုးကြီးကိုကူပြီးတိုက်ခိုက်ပေးတာ! သားတော်လားဟင်?"

"....."

မေမေ?!

ယဲ့ကျင့်ထန်သည်သူမရှေ့တွင်ရှိနေသော ထူးဆန်းသောကလေးလေးအား စိုက်ကြည့်နေမိလေသည်။ သူမလုံးဝရှုပ်ထွေးတွေဝေနေလေသည်။

သူမကြားဖူးသည်မှာ ငှက်ကလေးများသည် မိမိတို့ဥမှပေါက်ပေါက်ခြင်း မြင်သောသက်ရှိအားမိခင်ဟုသတ်မှတ်တက်ကြလေသည်။ အခုလိုမြင့်မြတ်တဲ့မိုးကြိုးနဂါးတွင်လည်း ထိုကဲ့သို့မွေးရာပါအကျင့်ရှိမည်ဟု သူမလုံးဝမမျှော်လင့်ထားပေ။

ကလေးလေးသည် ယဲ့ကျင့်ထန်ဘာတွေတွေးနေသည်ကိုမသိပေ။ သူသည်ယဲ့ကျင့်ထန်အားအမြှီးလေးရမ်းကာ ခေါင်းမော့၍ မျှော်လင့်တကြီးကြီးဖြင့်ကြည့်နေလေသည်။ ထိုအရာလေးမှာ ခုနကအကြီးကဲအားရိုက်နက်နေသည်နှင့် ယခုလုံးဝမတူတော့ပဲ ဖြူဖြူစင်စင်ဖြင့်ချစ်ဖို့ကောင်းနေလေသည်။

"ဟင်....ဒါပေါ့" ယဲ့ကျင့်ထန်သည်သူမရှုပ်ထွေးနေမှုအား ထိန်းချုပ်ရန်အသက်အား တဝရှူလိုက်လေသည်။

ကလေးလေးသည် သူ့အားချီးမွမ်းသောကြောင့် အမြှီးလေးကိုပိုမိုရမ်းကာ ပျော်ရွှင်နေလေတော့သည်။

ယဲ့ကျင့်ထန်သည်မိမိနဖူးပေါ်အား လက်ကိုတင်လိုက်လေသည်။ ယခုဖြစ်ပျက်သွားသောအရာများမှာသူမ၏ တွေးခေါ်နိုင်စွမ်းပြင်ပတွင် ရှိနေလေသည်။ သို့သော်လည်းဒါတွေတွေးနေရမည့်အချိန်မဟုတ်ပေ။ သူမချက်ချင်းယဲ့လင်းဆီသို့ လျှောက်သွားလေသည်။

အင်အားကြီးမိဖုရား၏ ပြန်လည်ရှင်သန်ခြင်း(Myanmar Translation)Where stories live. Discover now