Ep-25

3.3K 401 6
                                    

အခန်း ၂၅. လိဇီပန်း (၁)

ယဲ့ကျင့်​ထန်​၏မျက်​နှာ​ပေါ်တွင်​ဝမ်းနည်းမှုတစ်​စုံတစ်​ရာမရှိ​ပေ။ ထိုအစား သူမသည်​ပြုံး​နေပြီး ဝန်​ထမ်းဘက်​သို့လှည့်​ရာ "မင်းတို့ရဲ့မန်​​နေဂျာကို​ဒီကို​ခေါ်လိုက်​ပါ" ဟု​ပြော​လေသည်​။

ဝန်​ထမ်းသည်​အနည်းငယ်​တုံ့ဆိုင်းသွားပြီး​လေသည်​။
"တစ်​ခုခုလိုတာရှိရင်​ ကျ​တော့ကို​ပြောလို့ရ...."

"မင်းတို့ လိဇီပန်းကိုလိုချင်​တယ်​ဆိုရင်​ တာဝန်​ရှိတဲ့သူတစ်​​ယောက်​ကိုဒီကို​ခေါ်လိုက်​"ဟု​အေးစက်​​သော အကြည့်​များဖြင့်​​ပြော​လေသည်​။

သူမ၏စူးရှသည့်​အကြည့်​​ကြောင့်​ ဝန်​ထမ်းမှာရုတ်​တရက်​မင်​သက်​သွားသည်​။ သို့​သော်​လည်း 'လိဇီပန်း'ဆို​သေားစကားလုံးသူ၏​ခေါင်းထဲသို့ ထိတ်​လန့်​ဖွယ်​​ကောင်း​သော လျှပ်​စီးကဲ့သိုအလျှင်​အမြန်​ဝင်​​ရောက်​သွား​လေသည်​။

ဒဝမ်​ထျန်းယိသည်​ ယဲ့ကျင့်​ထန်​၌ရှိ​သောနည်းလမ်းအားမသိသဖြင့်​ သူမကိုယ်​သူမပိုပြီးအရှက်​ကွဲ​အောင်​ လုပ်​​နေသည်​ဟုပင်​ခံစားရ​လေသည်​။ ဆိုင်​၏ဝန်​ထမ်းအားကြည့်​ပြီးသူက

"သွားပြီး​တော့စိတ်​ကြိုက်​ရှာလိုက်​၊ ငါ...."
သူ၏စကားမဆုံးခင်​တွင်​ပင်​ ဝန်​ထမ်းသည်​အလျှင်​အမြန်​လူတစ်​​ယောက်​အားသွား၍ရှာ​လေ​တော့သည်​။

တစ်​ခဏအကြာတွင်​ အသက်​ငါးဆယ်​နားနီးပြီဖြစ်​​သောလူလတ်​ပိုင်းအရွယ်​​ယောက်ျားတစ်​​ယောက်​သည်​ ထိုဝန်​ထမ်းနှင့်​အတူအလျှင်​အမြန်​ပြန်​လာ​လေ​သည်​။

"သင်​က ယဲ့မိန်းမပျို​လေးလား? ကျွန်ုပ်​ကလင်​မြို့၏​ဘောင်​ဝုရတနာပြခန်းရဲ့မန်​​နေဂျာပါ" ထိုလူကြီးသည်​ယဲ့ကျင့်​ထန်​အားကြည့်​ပြီး"အခုဏကယဲ့သခင်​မ​လေးလိဇီပန်းအ​ကြောင်း​ပြောတာကျွုန်ုပ်​ကြားမိပါတယ်​ အဲ့တာ.... သခင်​မ​လေးအဲ့ဒီ့ပပန်းအ​ကြောင်းသိသလားမသိဘူး?ဟုဆက်​​မေး​လေသည်​။

သူ၏စကား​ပြောပုံမှာတည်​ငြိမ်​​နေ​သော်​လည်း သူ၏မျက်​လုံးထဲတွင်​မူစိတ်​လှုပ်​ရှားမှုများဖြင့်​ပြည့်​​နေ​လေသည်​။

အင်အားကြီးမိဖုရား၏ ပြန်လည်ရှင်သန်ခြင်း(Myanmar Translation)Where stories live. Discover now