Ch-117

444 37 0
                                    

Unicode
....
အခန်း ၁၁၇. အင်အားရှိသမျှကိုသုံး၍

ယဲ့ကျင့်ထန်တစ်ယောက်တည်းသာလျှင် ပုံရိပ်နယ်မြေစည်းကိုဖြေရှင်းဖျက်စီးနိုင်ခဲ့သူဖြစ်ပြီး ပထမစစ်ဆေးမှုမှာပထမနေရာရခဲ့သည်မှာသိသာထင်ရှားလေသည်။

ဓားစက်စည်းနဲ့ပက်သက်ပြီးတော့ကျတော့ ထူးခြားသောမူမမှန်မှုအချို့ရှိခဲ့သော်လည်း သူမပထမဆုံးအကြိမ်တိုက်ခိုက်မှုကို ခုခံနိုက်ခဲ့သောအချက်တစ်ခုတည်းအပေါ်မူတည်ပြီးဆုံးဖြတ်ရလျှင် သူမသည်ကျန်သောသူများအားလုံးကိုကျော်နိုင်ခဲ့သည့်အချက်ကို သူမရှင်းလင်းစွာသိလေသည်။

ဒါ့ကြောင့်.....

သူမတတိယစစ်ဆေးမှုမှာ နောက်ဆုံးအဆင်များထဲတွင်မပါသရွေ့သူမရှန်းလင်ဂိုဏ်းထဲသို့ ဝင်နိုင်မည်ကိုယုံကြည်ချက်အပြည့်ရှိလေသည်။

"မိန်းကလေးယဲ့ အဲ့လူနဲ့အပြိုင်ငြင်းခုန်နေဖို့ဘာအကြောင်းမှမရှိဘူး" ဟု ယွင့်ရှုသည်ယဲ့ကျင့်ထန်အားနှစ်သိမ့်လေသည်။

လုစုဝေသည်မောက်မာမာန်တက်နေခဲ့သည့်အချိန်မှာ အတော်ကြာနေခဲ့ပြီဖြစ်ကာ မင်းသားတစ်ယောက်ဖြစ်နေသောကြောင့်သူ့အားမည်သူမအာခံသည်ကိုမလိုလားပေ။ ကောင်းကင်တက်လမ်းပေါ်သို့မတက်ခင်ယဲ့ကျင့်ထန်ပြောခဲ့သောစကားများနှင့် ပက်သက်ပြီးအထအနကောက်စရာမရှိပေမယ့် လုစုဝေ၏စိတ်ထဲတွင်တော့မကျေနပ်မှုစတင်ဖြစ်ပေါ်နေပြီဖြစ်လေသည်။

ဒီအရာတွေအားလုံးဟာယွင့်ရှုမျက်လုံးဖြင့် မျက်မြင်တွေ့ခဲ့ရပြီး သူ၏လုစုဝေအပေါ်ထားသောအမြင်မှာပိုဆိုးလာလေတော့သည်။

"ကျမသိပါတယ်" ယဲ့ကျင့်ထန်သည်ယွင့်ရှုအားကြည့်မိလိုက်သောကြောင့်အနည်းငယ်ရယ်မိသွားလေသည်။

အစတွင်သူမသည်ကိုယ့်စစ်ဆေးမှုကို အာရုံစိုက်နေရသောကြောင့် အရာတချို့ကိုသတိလက်လွှတ်ဖြစ်ခဲ့လေသည်။

အရှေ့ကဖြေဆိုမှုနစ်ခုလုံးတွင်ယွင့်ရှုနှင်လုစုဝေတို့၏ဖြေဆိုမှုရလာဒ်များမှာအတူတူလောက်ဖြစ်ပြီး ထူးချွန်သည်ဟုတောင်ပြော၍ရလေသည်။ ဒီလိုမျိုးအရည်အသွေးပြည့်မှီတဲ့စွမ်းရည်တွေကြောင့်သူတို့နစ်ယောက်လုံးရဲ့ပင်ကိုယ်အရည်အချင်းမှာအတူတူလောက်ရှိလိမ့်မည်။

အင်အားကြီးမိဖုရား၏ ပြန်လည်ရှင်သန်ခြင်း(Myanmar Translation)Where stories live. Discover now