အခန်း (၃၃) ဘုရားဖူးလှည့်ခြင်း (အပိုင်း ၁)

970 222 9
                                    

လူသားတယောက် နတ်သူငယ်ကမ္ဘာသို့ အလည်တခေါက်

ထမင်းစားခန်းတွင်းမှ ထွက်သွားသည်နှင့် ဝင်လာသည့် ညစာစားသူနှစ်ဦး၏ မတူသည့်ပုံရိပ်နှစ်ခုတို့ ကွဲသွားသည့်အချိန်အတိုင်းအတာတခုထိတိုင်အောင် ဒီယာထွက်သွားပြီး သိပ်မကြာခင်အချိန်တွင်းမှာ အခုဖြစ်နေသည့်ကိစ္စအဝဝကို ဂျင့်ထံသတင်းပေးရန် နောက်ဆုံးတော့ ဖိန်ရှာသတိရသွားရသည်။ ထူးဆန်းသည့်ကိစ္စမှာကား ဂျင်တယောက် ထိုပုံရိပ်နှစ်ခုတွင်တော့ မပါဝင်လာခဲ့ပါ။

သဘောတရားအရဆိုရမယ်ဆို ဒီကိစ္စမှာ သူကတောင် တခြားလူတွေထက် ပိုပြီးအားစိုက်ထုတ်သင့်တယ်မဟုတ်ဘူးလား...တနေရာရာကနေ ကုပ်ကုပ်လေးထိုင်ပြီး သူတို့ပြောတာကို ခိုးနားထောင်နေတယ်ဆိုတာကမှ ဖိန်ရှာ မအံ့ဩရဦးမယ်။

မီးဖိုခန်းကထွက်လာခဲ့ရင်း ဆန်းဒဝှစ်သုံးချပ်ကိုလည်း ဆွဲယူလာခဲ့ကာ သွေးစုပ်ကောင်တကောင်အား အထပ်ပေါင်းများစွာ၌ ပိုက်စိပ်တိုက်ရှာဖို့ ဖိန်ရှာဆုံးဖြတ်လိုက်တော့သည်။ တကယ်တော့ ဂျင်ဆိုသည့်လူ သူ့အခန်းမှာသူရှိနေမှာမဟုတ်တာတော့ အတော်လေးကိုသမားရိုးကျဖြစ်သည်။ သူ့အခန်းမှာသူထက် ဟီရူးအခန်း၌တွင်သာ သူအချိန်မှာကို ကုန်ဆုံးကောင်းကုန်ဆုံးမည်ပင်ဖြစ်သည်။ အကယ်လို့ နိုအာလှေကြီးမှာ အနန္တသောအခန်းများသာမရှိပါက ဂျင်ဟာ သူ့အခန်းကို သူများအားပေးပစ်ရင်း သူ့ကိုသူအနစ်နာခံပြီး ဟီရူးနဲ့အတူ သွားနေနှင့်ပြီးချေလေပြီ။

ဟီရူးအခန်းတံခါးဘဲလ်ကို ဖိန်ရှာတီးလိုက်သည်။

ဂျင်ရဲ့လူယုတ်မာမျက်နှာကြီးတခြမ်းပေါ်လာနိုင်လောက်သည်အထိ အခန်းတံခါးက အသာပွင့်သွားတော့သည်။

"ဘာလိုချင်လို့လဲ"

"... အဲ... ငါအချိန်ကောင်းမှာ ရောက်လာမိလို့လား" သူတခုခုကိုများ ကြားဖြတ်နှောင့်ယှက်လိုက်မိတာလား

အသံလွင်လွင်လေးတခုက အခန်းတွင်းမှ ပျံ့လွင့်ထွက်ပေါ်လာလေသည်။ "ဘယ်သူလဲ"

နေပါဦး... ဒါဟီရူးအသံမှ မဟုတ်တာ... "မင်းဖောက်ပြန်နေတာလား"

ဂျင်ဟာ သူ့သွားစွယ်များကိုထုတ်ကာ အလင်းရောက်အောက်တွင် မြင်သာအောင်ပြရင်း

ဝိဉာဉ်ဟိုတယ် (Myanmar Translation)Where stories live. Discover now