အခန်း (၃) မိတ်ဆက်ပေးခြင်း (အပိုင်း ၁)

6.8K 1.1K 46
                                    

ဖိန်ရှာတယောက် အဖမ်းခံရပြီ

🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

ငှက်လူသားလားလို့ မေးမိတဲ့စကားထွက်သွားသွားခြင်းပဲ ဖိန်ရှာ ကိုယ့်ကိုယ်ကို နောင်တရမိပါတယ်။ ဘာလို့လဲဆိုတော့ ငှက်လူသားနဲ့ဆင်တူတဲ့မျိုးစိတ်တခုကို သူချက်ချင်းစဉ်းစားမိလိုက်လို့ပါ။ ရှေးတုန်းက လူတွေက မှာခဲ့ဖူးတယ်လေ။ ဝါဝါမြင်တိုင်း ရွှေမထင်နဲ့တဲ့။ အဲလိုပဲလေ၊ အတောင်ပါတိုင်း တမန်တော်မဟုတ်ဘဲ ငှက်လူသားလည်း ဖြစ်နိုင်တာပဲမလား။

သူပြောလိုက်တာ တော်တော်လေးကို ဆိုးရွားသွားမှန်း ဖိန်ရှာခံစားမိပါတယ်။ အဲဒါကြောင့်လည်း ဆန့်ကျင်ဘက်ကို ပြန်ပြောင်းပြီး ကိုယ့်ကိုယ်ကို တွေးပေးနေရပါတယ်။

နက်မှောင်ပြောင်လက်နေတဲ့ မျက်ဝန်းအစုံတို့ကို သေချာငေးကြည့်ရင်း စကားလုံးတချို့က သူ့ဦးနှောက်ထဲမှာ အစီအရီပေါ်လာပါတော့တယ်။

မိုးကျရွှေကိုယ် တမန်တော်

"အဲ...ကျွန်တော်က ခုနက နောက်နေတာပါ"

ဖိန်ရှာ သတိထားပြီးပြောလိုက်ပါတယ်။ တဖက်ကလည်း အိုက်စဖယ်ရဲ့အမူအယာပြောင်းသွားလားဘာလားကို သေချာကြည့်နေရပါတယ်။ တိုင်တန်တွေနဲ့ ကိုယ်ပျောက်လူသားရယ်နဲ့ ယှဉ်ကြည့်လိုက်မယ်ဆိုရင်တော့ သူ့အနေနဲ့ တမန်တော်တပါးဆိုတာကို ပိုသတိထားရပါတယ်။ ဘာလို့လဲဆိုတော့ အားလုံးသိကြတဲ့အတိုင်းပဲ သူတို့က အရာရာမှာပိုပိုပြီး လွှမ်းမိုးသက်ရောက်နိုင်စွမ်းရှိကြတယ်မလား။

အိုက်စဖယ်ဟာ သူ့ကို ဘာတုန့်ပြန်ချက်မှမပေးဘဲ အေးစက်စက်နဲ့ကြည့်ကာ

"မင်းက လူသားအသစ်ပဲ"

"ကျွန်တော်က မဟုတ်ဘူးလို့ပြောရင် ခင်ဗျားက ကျွန်တော့်ကို ပြန်လွှတ်ပေးမှာလား"

နှလုံးသားထဲမှာ မျှော်လင့်ချက်မီးပွားလေး ဖျတ်ခနဲလတ်သွားလျှက်။

"နိုအာရဲ့လှေကြီးက လူသားကမ္ဘာမှာ တနှစ်ကိုတခါပဲ ရပ်လို့ရတာ၊ အဲဒါ ဧပရယ် တစ်ရက်နေ့ပဲ"

မျှော်လင့်ချက်မီးတောက်လေးကတော့ တောက်လောင်နေတုန်း...

"နောက်ပြန်မောင်းတယ်လို့ခေါ်တဲ့အရာရှိတယ်ဆိုတာ ခင်ဗျားသိတယ်မလား၊ ဘာလို့ လူသားကမ္ဘာကို နောက်ပြန်မောင်းမသွားတာလဲ"

ဝိဉာဉ်ဟိုတယ် (Myanmar Translation)Where stories live. Discover now