အခန်း (၃၈) လွတ်မြောက်ခြင်း (အပိုင်း ၂)

777 215 6
                                    

အလှတရားဟာ ပုစဉ်းလိပ်ပြာတွေကို ဆွဲဆောင်သကဲ့သို့ ဉာဏ်ပညာကလည်း ခက်ခဲတဲ့မေးခွန်းတွေကို ဆွဲဆောာင်လေတယ်

...........

နာကျင်မှုကြောင့် မျက်နှာရှုံ့မဲ့လျက် လော့တီနီဟာ သူ့ကိုယ်သူတွန်းအားပေးလိုက်လေသည်။ မီးဖျဖျမျှသာတောက်လျက်ရှိသည့် သူ့လက်ဖဝါးကို ပတ်တီးလိုအရာပေါ်သို့ တင်ထားသော်လည်း ထိုအရာကို မာကြောလာစေရုံအပြင် ဘာမှမသုံးဝင်မလာနိုင်ခဲ့ပါ။

"ငါမင်းအတွက် နောက်ထပ်စန္ဒာမီးတောက်ပင်တပင် သွားယူပေးလို့ရတယ်နော်" နတ်သူငယ်လေးခံစားနေရသည်ကို ထိတ်ထိတ်ပျာပျာဖြစ်တာမလို့ ဖိန်ရှာကမ်းလှမ်းစကားဆိုလိုက်ခြင်းပင်။

လော့တီနီက ခေါင်းခါပြကာ "အခုမှတော့ အရမ်းကိုနောက်ကျသွားပြီ" သူကပြောလေသည်။

"ဒါဖြင့် ငါတို့ဘာလုပ်ကြမလဲ"

"ငါမသိဘူး" လော့တီနီဟာ ညှိုးငယ်သည့်ပုံဖြင့် ပြန်ဖြေလေသည်။ သူ့လက်ဖဝါးတွင် တောက်ပလောင်ကျွမ်းနေသည့်မီးတောက်ဟာ တဖြည်းဖြည်းနှင့် အလင်းရောင်အလုံးသေးသေးလေးသာ ကျန်တော့သည်အထိ လျော့ပါးလို့လာတော့လေသည်။ "အရင်တုန်းက ငါ့နောင်တော်ဆို ဘယ်တုန်းကမှ မန္တန်မှားမရွတ်ဖူးဘူး"

ဒါပေါ့ဟ.... ဒီလိုအူကြောင်ကြောင်အလုပ်မျိုးဆိုတာ အယ်မဒန်ဒေးမှာ ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး "မင်းအဲ့မန္တန်ရွတ်တဲ့အခါတုန်းက ဘာလို့သေချာဂရုတစိုက်မလုပ်ခဲ့တာလဲ"

ဖိန်ရှာလည်း မတတ်နိုင်၊ စောဒကတက်ရချေပြီ။ စနိုးဝိုက်တောင်မှ သူ့မိထွေးကြီးက မင်းလိုမျိုး နမော်နမဲ့သာဆိုရင် မင်းသားလေးနဲ့ ညားရမဲ့အစား လူပုလေးခုနစ်ယောက်နဲ့သာ ညားသွားလောက်ပြီ....

"နောက်ဆုံးတခေါက် ငါ့နောင်တော်ကြီး ငါ့ကိုလာကယ်တုန်းကဟာကို ငါကတိတ်တိတ်လေးလိုက်မှတ်ထားလိုက်တာလေ... အဲ့ကတည်းကဆို အချိန်ကတော်တော်ကြာခဲ့ပြီပဲ"

"အခုလောက်ဆို အိမ်တွေတောင်ပြိုနေလောက်ပြီ"

.......

ဖိန်ရှာ တဒင်္ဂမျှစဉ်းစားဆင်ခြင်လိုက်ပြီး "ငါတို့ ဘုရင်ကြီးနဲ့ဆက်သွယ်လို့ရမဲ့ ဆက်သွယ်ရေးစက်လိုမျိုးများ ရှိလား... သူ့မှတော့ ဖြေရှင်းနည်းတွေရှိနေမှာပဲ"

ဝိဉာဉ်ဟိုတယ် (Myanmar Translation)Where stories live. Discover now