အခန်း (၆၄) မေတ္တာပြိုင်ဘက် (အပိုင်း ၂)

898 200 31
                                    

အပေါ်ထပ်ကိုတက်လာသည့်ခြေသံများဟာ တစထက်တစနီးကပ်လို့လာတော့ ဖိန်ရှာကိုယ်ကိုလှည့်လိုက်ပြီး ချောမောသောမျက်နှာ၊ အနက်ရောင်ဆံပင်ရှိသောပုဂ္ဂိုလ်ကို တွေ့လိုက်ရသည်။

အိုက်စဖယ်သည်လည်း ဆံနက်နှင့်အလှလေးဖြစ်ပါသော်လည်း အချိန်တော်တော်များများမှာ သူဟာရုပ်ထုကြီးသဖွယ်နေလေ့ရှိတာကြောင့် မြင်သာမြင်နေရပေမဲ့မကြင်ရသလိုဖြစ်နေရသည်။ သို့သော် သူ့ရှေ့ကလူကတော့ သူ့မျက်နှာဟာအမူအရာမဲ့နေရင်တောင်မှ တဦးတယောက်ဟာ သူ့နှလုံးသားထဲကအကြောင်းအရာတိုင်းကို အချိန်မရွေး၊ နေရာမရွေး နားလည်နိုင်စွမ်းရှိနေသေးသည်။

ထိုရုပ်ထုကြီးအကြောင်းစဉ်းစားလိုက်မိတာနဲ့ ဖိန်ရှာ့စိတ်ဓာတ်ကျဆင်းသွားရသည်။

"ဟွန့်၊ ဧည့်သည်တွေကြိုဖို့ဆို အဲလိုမျက်နှာသေမျိုးနဲ့ပဲ ကြိုနေတာလား" ကြည့်ရတာ သူရဲ့အမူအယာဆိုးရွားမှုကို တဖက်လူက အရမ်းကသိကအောက်ဖြစ်သွားသည့်ပုံပေါ်သည်။

ဖိန်ရှာ ချက်ချင်းပဲပရိုဆန်သည့်အပြုံးကိုဆင်မြန်းလိုက်ပြီး "ဘယ်ဟုတ်ပါ့မလဲ၊ ကျွန်တော့်ခြေထောက်တွေက တိုလွန်းတော့ အရှင့်ကိုကိုယ်တိုင်ကိုယ်ကျမတွေ့ဆုံနိုင်ခဲ့မိလို့ နောင်တရနေတာပါ၊ အရှင်မင်းသား လော့တီနီ"

လော့တီနီက သူ့ကိုမကြည်ကြည့် ကြည့်လိုက်ပြီး လှေကားများကို ထပ်တက်လာသည်။ ဖိန်ရှာလည်း အလွန်သိလိုစိတ်ပြင်းတာကြောင့် နောက်ကလိုက်လာခဲ့သည်။

ရှမယ်က အသံတိုးတိုးဖြင့် စောဒကတက်လေသည်။ "ငါလဲမင်းသားပဲလေ၊ ငါ့ကျဘာလို့အဲလိုဆက်ဆံပုံမျိုး တခါမှမရဖူးရတာလဲ"

ဖိန်ရှာက "အဲလိုဆိုလဲ မင်းသားဆိုရင် မင်းသားလိုနေပေါ့၊ အပြင်ထွက်ပြီးအချိန်ပိုင်းအလုပ်ထွက်မရှာရဘူးလေ၊ မဟုတ်လို့ရှိရင် မင်းတန်ဖိုးကလဲ အလွယ်လေးကျဆင်းသွားတော့မှာပေါ့"

ရှမယ်က "ဒါဖြင့် ငါနှုတ်ထွက်ပြီးသွားရင်ရော ဒီလိုဆက်ဆံမှုမျိုး ခံစားလို့ရနိုင်မလား"

ဖိန်ရှာ သက်ပြင်းချကာ "အစွန်းအထင်းကဖြစ်နေပြီးပြီပဲ ဖျက်လို့မရနိုင်တော့ဘူး"

ဝိဉာဉ်ဟိုတယ် (Myanmar Translation)Where stories live. Discover now