အခန်း (၉) အောင်သွယ်တော် (အပိုင်း ၁)

4.5K 820 34
                                    

တော်တော်လေး စပ်စုသော ဂျင်

☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️

အနက်ရောင်မျက်ဝန်းတို့က သူ့အာရုံကို တသမတ်တည်း ချုပ်ကိုင်ထားလျှက်ပဲ အိုက်စဖယ်က ခေါင်းလှည့်ကြည့်လိုက်လေတယ်။ မျက်လုံးချင်းဆုံမိဖို့အရေး ဖိန်ရှာတယောက်ခမျာ လည်ပင်းကျိုးမတတ် သူ့ကို မော့ကြည့်နေရတော့ ဖိန်ရှာ သံသယရှိနေတာက အိုက်စဖယ်က သူ့ကိုတကယ်လစာတိုးပေးမှာလား ဆိုတာကိုပါပဲ။ အရပ်ကွာခြားချက်ဟာဆိုရင် အိုက်စဖယ့်ကို ပိုမိုခံ့ညားထည်ဝါစေပြီး ဖိန်ရှာ့တောင်းဆိုချက်ကို လက်သင့်ခံစရာ သိပ်မလိုစေပါဘူး။

အိုက်စဖယ်က တကယ်ကို စက်ဆုပ်ဖွယ်ကောင်းတဲ့ လူ မဟုတ်ဘူး တမန်တော်ပဲ။

ဖိန်ရှာဟာ ထိုလူ့ကို သူလုပ်စေချင်သလို လုပ်ခွင့်မပေးဖို့ စိတ်ပိုင်းဖြတ်လိုက်ပြီး အနက်ရောင်ဆံပင်ရှိတဲ့ ဦးခေါင်းကိုကျော်ကြည့်နိင်ဖို့အတွက် ဘေးနားကခုံတခုပေါ်ကို ချက်ချင်းပဲ ကုတ်တက်လိုက်ပါတော့တယ်။ တဖက်က အိုက်စဖယ်ကတော့ တုတ်တုတ်မှမလှုပ်ဘဲ သူ့ရှေ့တည့်တည့်က ဖိန်ရှာ့ဗိုက်ကိုပဲ ကြည့်ရင်း

"အကြောင်းပြချက်ပြော"

"ကျွန်တော့်ဘဝက လတ်တလောမှာ ချွတ်ခြုံကျ၊ ငတ်ပြတ်မွဲတေပြီး သောကပရိဒေဝဖိစီး နေရပြီ" နိုအာလှေကြီးမှာနေတဲ့ တလအတွင်းမှာကိုပဲ သူ့မှာ ဟိုတယ်ကိုပေးစရာအကြွေးတွေက တောင်လိုပုံနေပြီ။ ၁၅၀၀ က ဟိုတယ်ကိုပေးရမှာ၊ ၇၅၀ ကတော့ ဟီရူးကိုပေးရမှာ။

"ငြင်းဆိုတယ်" အိုက်စဖယ်က တည်တည်ငြိမ်ငြိမ်ပဲ အကြောင်းပြန်ပေးလိုက်ပါပြီ။

"ဘာလို့လဲ" အိုက်စဖယ် သဘောတူလိမ့်မယ်လို့ မမျှော်လင့်ထားသော်လည်း ဒီလိုမချေမငံ တုံးတိတိအကြောင်းပြန်မှုက ဘာပဲဖြစ်ဖြစ် ဖိန်ရှာ့ကို စိတ်ကသိကအောက်ဖြစ်စေတယ်လေ။

"ချွတ်ခြုံကျ၊ ငတ်ပြတ်မွဲတေပြီး သောကပရိဒေဝဖိစီးနေရတာတွေဆိုတာ လူတွေဘဝမှာ မနိုင်ဝန်ထမ်းနေရတာ မဟုတ်ဘူး"

ခြောက်ပစ်ကင်း သဲလဲစင်သော အဖြေကို မိန့်ကြားပြီးတဲ့နောက်မှာပဲ အိုက်စဖယ်က ရေပြန်ကူးနေပါတော့တယ်။ သူ ဒီလိုရေကူးနေရတာက ဘုရားရှင်ရဲ့အလိုတော်အရ နေ့စဉ်လုပ်ငန်းတခုဖြစ်ပေမယ့်လို့ အမှန်တိုင်းပြောရရင် ဒီလိုလုပ်နေခြင်းက သူ့ကို အကူအညီပေးနိုင်မယ်လို့တော့ အိုက်စဖယ်မထင်ပါ။

ဝိဉာဉ်ဟိုတယ် (Myanmar Translation)Where stories live. Discover now