အခန်း (၆၉) ဘေးသင့်ဖွယ်စွန့်စားခန်းတစ်ခု

722 182 28
                                    

ရွှေနှင့်ငွေအလင်းအစက်ပြောက်အနည်းငယ်က ငရဲ၏မဟူရာကြယ်ပေါ်၌ တောက်ပသွားပြီး ဖိန်ရှာ့ကို ပတ်ရံလိုက်သည်။

ဖိန်ရှာ့ကိုဟားတိုက်ဖို့လုပ်တော့မည့်အချိန်မှာပဲ ကြီးမားသည့်အားတခုက လေတွန့်ကို ရုတ်တရက်ရှေ့သို့တွန်းထုတ်ပစ်လိုက်သည်။

သူ့ဘေးပတ်လည်က တောက်ပနေသည့်ကြယ်အလင်းလေးများကို ဖိန်ရှာငေးကြည့်လိုက်ပြီး သူ့ရင်ဘတ်ကရင်ထိုးကိုလည်း ငုံ့ကြည့်လိုက်မိသည်။ ရှိရှိသမျှအခွင့်အရေးဖြင့် သူ့ရဲ့ခမ်းနားထည်ဝါသောဂုဏ်ကျက်သရေကို အိုက်စဖယ်ပြသသင့်ပါပေသည်။ ဒီလိုသောင်းသောင်းဖြဖြအသံအားလုံးနှင့်အတူ အဓိကဇာတ်လိုက်က ဘာလို့များပေါ်မလာသေးတာပါလိမ့်...

"အိုက်စဖယ်?" ရင်ထိုးရှိရာကို သူစိတ်ရှုပ်ရှုပ်ဖြင့် အော်ထည့်လိုက်သည်။

"ငရဲရဲ့မဟူရာကြယ်က သာမန်ကျောက်မျက်တလုံးထက် အဆပေါင်းသန်းချီပိုစွမ်းအားကြီးတယ်ဆိုပေမဲ့ သူ့မှာလဲကန့်သတ်ချက်တွေရှိနေသေးတယ်" အိုက်စဖယ့်၏အသံက မဟူရာကြယ်ကိုဖြတ်သန်းပြီး ရှင်းလင်းစွာပေါ်ထွက်လာသည်။ "မင်းကိုင်တွယ်နိုင်တဲ့အခြေအနေမျိုးတွေကို ကိုယ့်ဘာသာကိုင်တွယ်ပါ"

"ဒါကိုကျွန်တော်တို့ဘာသာမကိုင်တွယ်နိုင်တော့လို့ ခင်ဗျားကိုဆင့်ခေါ်..... အဲ ကျွန်တော်ပြောချင်တာက ခင်ဗျားကိုဒုက္ခပေးမိတော့မှာလို့ပြောချင်တာပါ၊ နိုအာလှေကြီးက ဒီလူတွေရဲ့ကိုယ်ကျင့်တရားလက္ခဏာက ဘယ်လိုထိအပျက်သဘောဆောင်နိုင်သလဲဆိုတာ ကျွန်တော်အမြဲတမ်းတွေးကြည့်နေခဲ့မိတာ၊ အခုတော့ သိသွားပြီ၊ အနှုတ်လက္ခဏာနောက်က ဘဲဥအလုံးကိုးဆယ်ဖြစ်နေတာကိုး"

"သုညအလုံးကိုးဆယ်က အနှုတ်နောက်ကလိုက်လိုက်၊ အပေါင်းနောက်ကလိုက်လိုက် သူ့ရှေ့ရောက်တဲ့လက္ခဏာပေါ်မှာ သက်ရောက်မှုမရှိဘဲ သုညတလုံးထဲတန်ဖိုးနဲ့အတူတူပါပဲ"

ဖိန်ရှာလည်ခေါင်းရှင်းလိုက်ကာ "တကယ်တော့ သက်ဆိုင်တဲ့ကိစ္စမျိုးကိုသာ ပြောကြစို့၊ အလွန်ကံဆိုးစွာနဲ့ ကျွန်တော်တို့မှာ မီးမှုတ်နဂါးရော ကျောက်သားရဲကြီးရောနဲ့ပါ ဝိုင်းခံထားရတယ်၊ လေတွန့်ပြောစကားအရဆို မီးမှုတ်နဂါးကြီးကိုရှင်းထုတ်ဖို့ကလွယ်ပေမဲ့ ကျောက်သားရဲကြီးကကျ လက်နက်တွေနဲ့ရော မှော်အစွမ်းတွေနဲ့ပါ ထိုးဖောက်လို့မရနိုင်ဘူးတဲ့၊ သူ့ကိုအနိုင်ယူနိုင်ဖို့ တခုတည်းသောနည်းက သူ့ရင်ဘတ်ထဲမှာမြှုပ်ထားတဲ့ အသက်ကျောက်တုံးကိုဖယ်ပစ်မှပဲရမယ်တဲ့၊ အဲလိုလုပ်နိုင်မဲ့လူဆိုလို့ ကျွန်တော်တွေးမိသလောက်က ခင်ဗျားပဲရှိတာလေ"

ဝိဉာဉ်ဟိုတယ် (Myanmar Translation)Where stories live. Discover now