အခန်း (၃၀) စည်းရုံးရေး (အပိုင်း ၂)

1.4K 299 10
                                    

ဖိန်ရှာရဲ့ဆုံးဖြတ်ချက်

🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼

မလုပ်နဲ့တဲ့လား... အိုက်စဖယ်ပြောသည့်အဓိပ္ပာယ်ကို မသေချာဖြစ်တာကြောင့် ဖိန်ရှာတိတ်ဆိတ်လို့သွားသည်။ သူ့ကိုထွက်သွားစေဖို့ အိုက်စဖယ်ကြိုးစားနေတာလား ဒါမှမဟုတ် သူ့အတွက်သတိပေးဖို့ကြိုးစားနေတာလား...

"အဲ... ဘာလို့လဲဆိုတာမေးလို့ရလား" သူ လွှတ်ခနဲမေးလိုက်မိသည်။

"မင်းလုပ်ချင်စိတ်မရှိဘူးထင်လို့" အိုက်စဖယ်က ခပ်ရိုးရိုးပင် ပြန်ဖြေသည်။

"ဟုတ်ပါပြီ... မှန်ပါတယ် ဒါပေမယ့်... တွန်းအားပေးခံရတယ်ဆိုတာရဲ့သဘောတရားကို ခင်ဗျားသိလောက်မှာပါ ဟုတ်တယ်မလား... ကျွန်တော်လုပ်ချင်တာ မလုပ်ချင်တာတွေက အဓိကအကြောင်းတရားမဟုတ်ဘူးလေ... ခင်ဗျားက ကျွန်တော့်ကိုထောက်ပံ့ပေးဖို့ စိတ်မပါလို့လား" ဖိန်ရှာ နည်းနည်းလောက်တော့ ဇွတ်တွန်းကြည့်ရန်ဆုံးဖြတ်လိုက်သည်။

"မင်းအမှန်ကိုပြောရင်ပေါ့"

တိတ်ဆိတ်ရပ်တန့်သွားလျက်...

အဲ့ဒါက ဘာကိုများဆိုလိုချင်နေတာတုန်း... အိုက်စဖယ့်အဖြေမှာ ဒေါသအနည်းငယ်ပါနေတာကို ဖိန်ရှာခံစားလို့ရသည်။ ဒီဘဝတလျှောက်လုံးမှာ အိပ်ချိန်ထက် လိမ်တဲ့အချိန်ကပိုများကောင်းများခဲ့တယ်ဆိုရင်တောင်မှ သူစားခဲ့တဲ့အစားအစာအရေအတွက်ထက်တော့ သေချာပေါက်များမှာမဟုတ်ဘူးလေ... အဲဒါက ယုံကြည်ဖို့ထိုက်တန်တယ်မဟုတ်လား...

"ထားလိုက်ပါတော့... ကျွန်တော်အဆင်ပြေမှာပါ... ဘယ်လိုပဲဖြစ်နေနေ ဒီယာနဲ့နတ်သူငယ်ဘုရင်ကြီးတို့ သက်ဆုံးတိုင်ပျော်ရွှင်စွာနေထိုင်သွားကြလေသတည်းဆိုတာလေးကို ရအောင်လုပ်ပေးနိုင်ခဲ့တယ်ဆိုတာက သူ့ကိုယ်ပိုင် အောင်မြင်မှုတခုဖြစ်လာမှာပဲလေ"

"အင်း"

အင်း... ဒါပဲလား... ခင်ဗျားရဲ့စိတ်အားထက်သန်မှုလေးတောင် မပါတော့ဘူးလား ကိုယ့်လူရဲ့... အနည်းဆုံးတော့ မထောက်ခံကြောင်း မှတ်ချက်ကလေးတွေတော့ နည်းနည်းလောက်မပေးသင့်ဘူးလား... ဥပမာ မင်းလေတွေကို မင်းဆန်ပြုတ်အေးအောင်မှုတ်တဲ့နေရာမှာ သုံးဖို့သာ ချန်ထားလိုက်တော့တို့... ဒါမှမဟုတ်လည်း အဲလိုအလားတူ စိတ်ကူးတူပုံစံလိုမျိုး တခုခုပြောပေါ့... အဲ့နောက်တော့ နှစ်ခါသုံးခါလောက် အရင်ငြင်းပြီးသွားတာနဲ့ နောက်ကျလက်မခံချင့်ခံချင် လက်သင့်ခံလိုက်တယ် အဲလိုမျိုးလေးလုပ်ပေါ့... အခုတော့...

ဝိဉာဉ်ဟိုတယ် (Myanmar Translation)Where stories live. Discover now