အခန်း (၁၈) တိုက်ပွဲ (အပိုင်း ၂)

2.9K 591 11
                                    

ဖိန်ရှာနှင့် နတ်ဆိုးဘုရင်လေးတို့ကြားထဲက စစ်ပွဲ

☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️

ဖိန်ရှာဟာ လက်ရှိဟောင်းလောင်းပေါ်နေတဲ့ အပိုင်းကို ခဏကြောင်ငေးကြည့်မိပြီးနောက် လေတွန်ရဲ့ မီးတောက်လိုရဲရဲနီနေသည့်မျက်နှာကို ကြည့်လိုက်ပါတယ်။ တခဏကြာတော့ ဖိန်ရှာစကားထောက်လိုက်ပါတယ် "အဲဒါက အံ့သြစရာကောင်းလောက်အောင်ကို ကြီးတာပဲဗျ" လူပုတယောက်ရဲ့ ပျှမ်းမျှအရပ်အမောင်းနဲ့ အနေအထားအရဆိုရင်တော့ ဒါပေါ့ အဲ့ဒါက ကြီးတယ်။

လေတွန်ဟာ အလျင်အမြန်ပဲ ပဝါကို ကောက်ယူလိုက်ပြီး ကိုယ်တွင်တင်းနေအောင် ပြန်ပတ်လိုက်ကာ "ငါ့အခန်းထဲကနေ ထွက်သွားစမ်း" တံခါးပေါက်ကိုလည်း လက်ညှိုးညွှန်ပြရင်း လေတွန်ကအော်ပါလေတော့တယ်။

"ကျွန်တော်တို့က ဒီနေရာမှာ အကုန်လုံးက မိတ်ဆွေတွေပဲဟာကို၊ ဘာလို့ အဲလောက်သူစိမ်းဆန်ဆန်ကြီး ဖြစ်နေရတာလဲဗျာ" ဖိန်ရှာက ပြုံးလိုက်ပြီး "လုပ်စမ်းပါဗျာ၊ ခုဟာက အသားလေးနည်းနည်းလောက်ကို ပြလိုက်မိရုံလေးတင်ပါ၊ အများသုံးရေချိုးခန်းမှာ ရေချိုးတယ်လို့ သဘောထားလိုက်ပေါ့ဗျ"

"ငါ့အခန်းက အများသုံးရေချိုးခန်းနဲ့များ တူနေသလား"

"ကောင်းပြီဗျာ၊ ကျွန်တော်လည်း မြင်လိုက်တာကို မမြင်လိုက်တာလို့ ပြန်လုပ်လို့မရဘူး၊ အဲတော့ ခင်ဗျားက ကျွန်တော့်ကို ဘာလုပ်စေချင်လို့လဲ၊ ကျွန်တော်က ခင်ဗျားကို ဘာမှလည်း လုပ်မယ့်သူမဟုတ်ပါဘူးဗျ" ဖိန်ရှာသက်ပြင်းချလေတယ်။

ဖိန်ရှာ့စကားများဟာ လေတွန်ရဲ့ဒေါသပုန်ထနေခြင်းမှာ ဆီထပ်လောင်းထည့်လိုက်သကဲ့သို့ပင်။ "မင်းက ငါ့ကို ဘာတွေများလုပ်ဖို့ စီစဉ်ထားလို့လဲ"

"......"

ဖိန်ရှာတယောက် တံခါးပေါက်ဆီသို့ အကန်ခံလိုက်ရပြီးရောက်လို့သွားလေသည်။ ဖိန်ရှာ တဖန်ပြန်လှည့်ကြည့်လိုက်တော့ လေတွန်ဟာ သေတ္တာတခုနားမှာ ဟိုရှာသည်ရှာလုပ်နေသည်ကို တွေ့လိုက်ရလေတယ်။

"ခင်ဗျား ဘာတွေရှာနေတာလဲ" အဲလိုပဲ လူပုတွေက လက်ဖက်ရည်တွေဘာတွေကို သေတ္တာထဲမှာ ထည့်သိမ်းထားတတ်ကြတာများလား... "ကျွန်တော်က ကိုလာလောက်ဆို ရပါတယ်ဗျ"

ဝိဉာဉ်ဟိုတယ် (Myanmar Translation)Where stories live. Discover now