အခန်း (၄၄) တန်ပြန်တိုက်စစ် (အပိုင်း ၂)

838 262 20
                                    

ပျိုးကြဲထားသည့်ကောက်ပဲသီးနှံများကို ရိတ်သိမ်းဖို့အချိန်ရောက်လို့လာခဲ့ပြီ

//////////////

အသတ်အဖြတ်ခံဖို့ကိုသာစောင့်ဆိုင်းနေသည့် သိုးပမာ ဖိန်ရှာရုန်းကန်နေသည်များကို လက်လျှော့လိုက်ချေပြီ။ ဖိန်ရှာ့ကိုချောက်ထဲတွန်းချချင်ရုံဖြင့် အတိတ်တုန်းက အတူတူဇာတ်ကွက်ဆင်ခဲ့ကြသည့်အရာအားလုံးကို ကျေကျေနပ်နပ်ကြီး ဖော်ထုတ်ပစ်လိုက်ရအောင်လောက်ထိ ဂျင်အတော်လေး အကြင်နာကင်းရက်စက်တတ်လိမ့်မယ်လို့ သူတခါမှကိုမတွေးထားခဲ့မိဘူးပါ။ အတူတကွ ပျက်ဆီးဆွေးမြေ့သွားစေရန် ရန်သူတယောက်ကိုဖျက်ဆီးသည့် အမြင့်ဆုံးအဆင့်ဟုပင် ခေါ်ရမည့်ဟာမျိုး အတိအကျဖြစ်သည်။

ဂျင်က အန်တိုနီရိုဘက်လှည့်ကာပြောလိုက်သည်။ "မင်းအကုန်လုံးကြားလိုက်တယ်မလား"

အန်တိုနီရိုက ဖိန်ရှာ့အား ခပ်ပေါ့ပေါ့ကြည့်နေကာ "အင်း"

ဂျင်က အန်တိုနီရိုအား မျှော်လင့်ချက်အပြည့်ဖြင့်ကြည့်လိုက်ပြီး "မင်းနောက်ထပ်ဘာဆက်လုပ်သင့်တယ်လို့ ထင်လဲ"

စကားလုံးတလုံးမှပင်ထွက်ကျမလာဘဲ လေထဲမှာပင် တန်းလန်းကြီးဖြစ်လို့နေသည့်ပုံရိပ်ကို အန်တိုနီရိုကြည့်ရုံသာကြည့်လိုက်သည်။

ဖိန်ရှာနောက်ဆုံးပိတ်အိတ်နဲ့လွယ်ကာ အသားကုန်အော်လိုက်သည်။ "အဲ့ဟာလုပ်ဖို့အပြင် ငါ့မှာဘာရွေးစရာမှမရှိခဲ့လို့ပါ... ဂျင်သာ ငါ့ကိုမခြိမ်းခြောက်ထားဘူးဆိုရင် ငါ...အု...အု..."

ပါးစပ်အပိတ်ခံလိုက်ရပြီးဖြစ်သောလူအား ဂျင်က ရိုးရိုးလေးပြုံးကြည့်ကာ "တောင်းပန်ပါတယ်... မင်းကအရမ်းစကားတွေပြောနေတာကိုး"

...............

ဖိန်ရှာဟာ လက်သည်ဂျင့်အားမုန်းတီးစွာဖြင့် စိုက်ကြည့်နေစဉ် တချိန်တည်းမှာပဲ မှားသွားခဲ့ပါတယ်ဆိုသည့် အမူအယာဖြင့် အန်တိုနီရို့ဘက်သို့လှည့်ကာ သနားကြင်နာမှုလေးတချို့ကို ရလို့ရငှားမျှော်လင့်လျက် ကြည့်ရှာသည်။

ဖိန်ရှာကြိုးစားပို့လွှတ်နေသည့် အရေးပေါ်အချက်ပြကို ရလိုက်သည့်အလား အန်တိုနီရိုက ဖြည်းဖြည်းချင်းစပြောလေသည်။ "အခု ငါပြန်တွေးကြည့်တော့... သူက အဲ့ကိစ္စထဲမှာ ကြံရာပါလိုမျိုးလောက်ပဲ မဟုတ်ဘူးလား"

ဝိဉာဉ်ဟိုတယ် (Myanmar Translation)Where stories live. Discover now