အခန်း (၆၀) အပ်ထိပ်ဖျား (အပိုင်း ၂)

683 207 33
                                    

အိုက်စဖယ်က အရမ်းကိုကြည့်လို့ကောင်းသော်လည်းပဲ သူ့ကိုပဲတနာရီလောက်ကြီး ထိုင်ငေးကြည့်နေဖို့ကျတော့ ပျင်းဖို့ကောင်းနေတာကြောင့် အောက်ထပ်ကို ဟိုနားဒီနားသွားဖို့ ဖိန်ရှာဆင်းလာခဲ့လိုက်သည်။

စားသောက်ဆိုင်တံခါးနားမှ ဖြတ်သွားစဉ် လေတွန်နှင့်ရှမယ်တို့နှစ်ယောက် တယောက်ကမြင့်၊ တယောက်ကပုသည့်ဖင်တွေကိုကုန်းကာ ဆောင့်ကြောင့်ထိုင်လုပုံစံဖြင့် တံခါးအကြားကိုဖြတ်ပြီး ချောင်းကြည့်နေကြတာကို သူမြင်လိုက်ရသည်။

"မင်းတို့ကောင်တွေ ဒီမှာဘာလုပ်နေကြတာလဲ"

ရှမယ်နှင့်လေတွန်က အလွန်သာမန်ဖြစ်သည့်အမူအယာများဖြင့် သူ့ကိုလှည့်ကြည့်လိုက်ကြပြီး "ပြဇာတ်ကြည့်နေတာ"

ရှမယ်က ထပ်ထည့်ပြောသည်။ "ဒီတခေါက်တော့ မင်းကိုနေရာပေးအောင်လို့ ငါတို့ကိုအရူးလာလုပ်ဖို့မကြိုးစားပေနဲ့တော့"

"ငါကဘာလို့မင်းတို့ဆီကနေ နေရာလိုချင်ရမှာလဲ" ဖိန်ရှာက ရှင်းမပြနိုင်သည့်ပုံဖြင့် မျက်ခုံးပင့်ပြလေသည်။

ရှမယ်က သူ့အား ငါမင်းကိုဖောက်ထွင်းမြင်နေရတယ် ဆိုသည့် လှောင်ပြုံးကိုသာ ပြန်ပေးလေသည်။

ဖိန်ရှာသူ့ကိုဖြတ်ကျော်ကာ တံခါးပေါက်ကနေတည့်တည့်ဖြတ်ဝင်လာခဲ့တော့သည်။ တချိန်တည်းမှာပင် ရှမယ်နှင့်လေတွန်တို့၏မေးစေ့များ အောက်သို့ကျလို့သွားတော့သည်။

စားသောက်ဆိုင်ထဲတွင် ဟီရူးတယောက် လီမွန်ချောကလက်စတိတ်အား တကိုက်ပြီးတကိုက်စားနေသည်ကို ကျေနပ်ပီတိဖြင့်လန်ကာကကြည့်လို့နေသည်။ ဂျင်ကသူ့မျက်စောင်းထိုးတွင်ထိုင်နေပြီး နှစ်ရာပေါင်းများစွာ မလျှော်ဘဲပစ်ထားသည့် ခြေထောက်ပတ်သည့်အဝတ်စုတ်ကို အနံ့ရလိုက်သည့်အလား မျက်နှာအမူအယာကဖြစ်ပျက်လို့နေသည်။

ဖိန်ရှာဝင်လာပြီးနောက် သူဟာသူတို့ကိုတောင်နှုတ်ဆက်လိုက်သေးပြီး တံခါးဘက်ကိုပြန်လှည့်ကာ သိပ်မကျယ်သော်လည်း လူတိုင်းသေချာပေါက်ကြားနိုင်လောက်သည့်လေသံမျိုးဖြင့် "ဒါကိုကြည့်ရတာ မင်းတို့တည့်တည့်ကြီးဝင်လာလို့ရတဲ့ အများပိုင်နေရာမျိုးဖြစ်နေတယ်မဟုတ်ဘူးလား"

ဝိဉာဉ်ဟိုတယ် (Myanmar Translation)Where stories live. Discover now