အခန်း (၁၄) ဥပါယ်တံမျဉ် (အပိုင်း ၂)

3.6K 716 27
                                    

မသိမသာ စိမ့်ဝင်ကူးစက်တတ်သော ဖိန်ရှာ

☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️

လပြည့်နေ့ဟာ ကျော်လွန်သွားပြီဖြစ်သည့်အတွက် လညီနောင်သုံးဦးဟာ ပြန်ကြဖို့ပြင်ပါတော့တယ်။ အရှေ့ကောင်တာကိုရောက်အောင် ဖိန်ရှာက သူတို့ကိုလိုက်ပို့ပြီး ခွဲခွာရမှာကို တွန့်ဆုတ်နေသယောင်။ အိုက်စဖယ်နဲ့ ဂျင်ကတော့ အရှေ့ကောင်တာမှာ ရောက်နှင့်ပြီးစောင့်နေတာကို တွေ့ရပါတယ်။

"ချောမွေ့တဲ့ခရီးလမ်းလေးဖြစ်ပါစေ" ဖိန်ရှာဟာ မျက်ဝန်းထဲမှာလည်း မျက်ရည်စလေးများနှင့် လရောင်ရဲ့လက်ကို ခံစားချက်အပြည့်နှင့်ဆွဲကာ နှုတ်ဆက်လိုက်ပါတယ်။ နောက်ဆုံးတော့ သူတို့ပြန်ကြတော့မယ်၊ ဘုရားသခင်ရေ၊ သူတော့ ခြေလက်အင်္ဂါမစုံဖြစ်ရမယ့်ဘေးကနေ လွတ်မြောက်လာနိုင်ခဲ့ပါပြီ။

လရောင်ကလည်း ထိုနည်းအတိုင်း ခံစားနေရသည့်ပုံစံဖြင့်ပင် "မစိုးရိမ်ပါနဲ့ဗျာ၊ ကျွန်တော်တို့နောက်လကျရင်လည်း ပြန်လာမှာပါ"

လက်ဆွဲနှုတ်ဆက်နေသည့် သူ့လက်ကို မီးပူလောင်လိုက်သည့်အလား ဖိန်ရှာဟာ ဆတ်ခနဲပြန်ဆွဲယူလိုက်ပါတယ်။ သူ့နောက်မှာတော့ ဂျင်က မျက်တွင်းဟောက်ပက်ကျနေတဲ့မျက်နှာကြီးဖြင့် ပြုံးကာ "ပြန်သွားတဲ့ခရီးလမ်းမှာ ဂရုစိုက်ကြပါ"

"ကျွန်တော်တို့နဲ့ ခွဲရတော့မှာကို ခင်ဗျားမကြိုက်တာ ကျွန်တော်သိပါတယ်၊ ဒါပေမယ့် ဒီတခေါက်မှာတော့ ခင်ဗျားရဲ့သဘောထားကို အမှန်တကယ်ကို ပြလိုက်တာပဲဗျ၊ ကျွန်တော်သွားတော့မယ်နော်" လကမ္ဘာက ပြောလိုက်ပါတယ်။

"ဒါဖြင့် မင်းတို့ မြန်မြန်မပြန်နိုင်ကျဘူးလား၊ အပြင်မှာ တကယ်လေတိုက်တယ်၊ ငါ ဒီနေရာမှာတင် အိပ်ပျော်သွားတော့မယ်" ဂျင်ကပြောပါတယ်။

"အပြင်မှာ လေတိုက်တာနဲ့ ခင်ဗျားက ဘယ်လိုလုပ်အိပ်ချင်သွားတာလဲ"

"ကိတ်မုန့်နဲ့ ဘောပင်တွေဆိုတာ ဘုံသဘောတရားအရ ဘာမှမတူဘူးလေ၊ ဒါပေမယ့် အကြောင်းတိုက်ဆိုင်တော့လဲ သူတို့က စားပွဲခုံတခုတည်းမှာပဲ နေရာပေးခံရတယ်မလား"

ဝိဉာဉ်ဟိုတယ် (Myanmar Translation)Where stories live. Discover now