တစုံတယောက်ကို သစ္စာရှိနေသည့်တချို့လူတွေကို လိုက်မကြည့်ဘဲနဲ့ သူတို့သဘာဝကိုက သူတို့ဟာသစ္စာရှိတာလို့တွေးကြည့်လိုက်ပါ။ ဒါကအတော်လေးကို တဖက်သတ်ဆန်ပါသည်။
ထိုအကြောင်းအရာဟာ အစည်းဝေးခန်းမထဲကထွက်လာပြီးနောက် ဖိန်ရှာချလိုက်တဲ့ ကောက်ချက်ချသုံးသပ်ချက်ပင်ဖြစ်သည်။ ကြီးမားသည့်အလှဆင်ပန်းအိုးကြီးတအိုးနောက်မှ ရှမယ်ကရုတ်တရက်သူ့ကိုဆွဲလိုက်သည်။ တခဏကြာပြီးနောက် လန်ကာဟာ အစည်းဝေးခန်းမထဲမှ ဖြည်းညင်းစွာထွက်လာပြီးနောက် အပေါ်ထပ်သို့တက်သွားလေသည်။
"ဟေ့ ငါတို့ဒီပန်းအိုးကြီးနောက် ဘာကြောင့်ပုန်းနေရတယ်ဆိုတာ မင်းပြောပြနိုင်မလား" ရှမယ့်လက်ထဲမှ ရုန်းထွက်လိုက်ပြီး ဖိန်ရှာပြောလိုက်ခြင်းဖြစ်သည်။
"ဒါပေါ့ ဒါကဖုံးကွယ်ပုန်းဖို့လေ"
"အဲဒါကြောင့် ငါမေးနေတာလေ၊ ဘာကြောင့်ငါတို့ကဒီပန်းအိုးကြီးနောက် ပုန်းနေရတာလဲလို့" ဖိန်ရှာစိတ်ကောက်သွားပြီး မစို့မပို့၊ ပိန်လိန်နေသည့်ကိုင်းခြောက်လေးများကို ဖွကြည့်လိုက်သည်။ "ငါတကယ်ကိုမပြောတတ်တော့ဘူး၊ ဒီကနေ ဘာကိုပုန်းနိုင်မှာမလို့လဲ" (ကိုင်းများက ကျိုးတို့ကျဲတဲမလို့)
ရှမယ် ပခုံးတွန့်လိုက်ပြီး "ထိရောက်နေသေးသ၍ပဲ၊ အမှန်က လန်ကာငါတို့ဘယ်မှာရှိနေမှန်း မသိသွားဘူးလေ"
လေတွန်က ရုတ်တရက်ပြောသည်။ "ငါတော့အဲလိုမထင်ဘူး"
သူပြောလိုက်သည်နှင့် လန်ကာက အပေါ်ထပ်တက်နေသည့်လှေကားအလယ်တွင် ရပ်လိုက်ပြီး သူတို့ကိုလှမ်းခေါ်ပြောလိုက်သည်။ "ဂျင့်အခန်းကဘယ်မှာလဲ"
ရှမယ် "......"
ဖိန်ရှာပြုံးကာပြောလိုက်သည်။ "ဟီရူးအခန်းရဲ့ဘယ်ဘက်ကအခန်းပါ"
"ကျေးဇူးပါပဲ" လန်ကာလှည့်ပြီး အပေါ်ထပ်တက်သွားသည်။
ဖိန်ရှာ ရှမယ့်ဘက်လှည့်ကြည့်လိုက်ပြီး "ဘယ်ဟာက ထိရောက်တာတုန်း၊ ဟမ်... ငါတို့ကိုရှာမတွေ့ဘူးဟုတ်လား၊ ဟမ်..."
ရှမယ်က သူ့လက်ညှိုးကနေရာတကာလိုက်ထိုးပြပြီး ပြောသည်။ "ဒီပန်းအိုးကြီးကလွဲလို့ ပုန်းဖို့နေရာက ဘယ်မှာရှိသေးတယ်လို့ မင်းထင်လို့လဲ"
YOU ARE READING
ဝိဉာဉ်ဟိုတယ် (Myanmar Translation)
Fantasyအချိန်အကြာကြီး အလုပ်လက်မဲ့ဖြစ်ခဲ့ပြီး နောက်ဆုံးမှာတော့ "ဖိန်ရှာရှီ" အလုပ်တခုကို ရှာတွေ့ခဲ့လေသည်။ ထိုအလုပ်ကတော့ စင်္ကြာဝဠာတခုလုံးမှာ ရှေးအကျဆုံးဖြစ်တဲ့ ဟိုတယ်ကြီးတခုရဲ့ ဧည့်ကြိုကောင်တာထိုင်ရန်ပင် ဖြစ်သည်။ ထိုဟိုတယ်ကြီးမှာ မိုးကျရွှေကိုယ် တမန်တော်တပါ...