အခန်း (၂၁) အရေးအခင်းကာလ (အပိုင်း ၁)

2.6K 509 9
                                    

ဖိန်ရှာ ထိုကဲ့သို့အော်ချလိုက်သည့်အခါတွင် အေစသည် မျှဝေခြင်းသည် ဂရုစိုက်ခြင်းဖြစ်သည်ဟူသော အခြေခံကိုယ်ကျင့်တရားဆောင်ပုဒ်ကို လက်ကိုင်ထားသူဖြစ်လေတယ်။ စကားပြောနေတဲ့အခါလည်း သူကမျှဝေတယ် (တံတွေးစင်တာပြောတာ)၊ စားနေတဲ့အခါလည်း တူတူပဲ၊ ပြီးတော့ တကယ့်ကိုအံမခန်း အထင်ကြီးဖို့အကောင်းဆုံးအပိုင်းကတော့ အေစဆိုတဲ့ကောင်က သောက်နေရင်းနားနဲ့တောင် မျှဝေနိုင်စွမ်းရှိနေတာပါပဲ။ အေစရဲ့အစဉ်မပြတ်ဆက်တိုက် ရေမော့သောက်နေပြီး ပါးစပ်ကနေ ရေတွေထွက်ကျနေသည့် အံ့မခန်းမြင်ကွင်းကို ကြည့်နေရင်းဖြင့် ဖိန်ရှာဟာ သူ့မျက်နှာပေါ်က တံတွေးစက်တွေကိုလည်း အသည်းအသန် သုတ်ပစ်နေရပါလေတယ်။ သူ တကယ်ကို နားမလည်နိုင်တော့ပါဘူး။

အေစနှင့်နှစ်ပေါင်းများစွာ အလုပ်တူတူလုပ်လာဖူးတဲ့တယောက်အနေဖြင့် အေစပါးစပ်ဟလိုက်သည့်ခဏမှာတင် လေတွန်သည် အခန်းရဲ့ဟိုးဘက်ဆုံးအပိုင်းကို လေလိုအလျင်ဖြင့် ရောက်လို့တောင်သွားချေပြီ။ သူ့ထောင့်လေးမှာသူထိုင်ရင်း လေတွန်ဟာ ကြက်ပေါင်ချောင်းတပန်းကန်လုံးကို အားပါးတရ အသေစားပစ်နေသော်လည်း ပတ်ဝန်းကျင်ကိုတော့ သတိပြုရန်မေ့မနေခဲ့ပါ။ ဒါကြောင့် သူစားပြီးသမျှသောအရိုးတို့၊ အမှိုက်တို့ကို သေချာပေါက် အမှိုက်ပုံးထဲဝင်အောင် ပစ်ချေတော့သည်။

ပေါဟာသည် သူ့ခေါင်းပေါ်တည့်တည့်ကို တိန်ခနဲကျလာသည့် အရိုးချောင်းကို ရွံရွံဖြင့် ကိုင်ကြည့်လိုက်သည်။ ပေါဟာတယောက် ယမ်းပုံမီးကျပြီး မတ်တပ်ထရပ်တော့မည့်ဆဲဆဲတွင် ဖိန်ရှာရဲ့ရုတ်တရက်အော်သံက သူ့နားတွင်းသို့ ဝင်လာလေတယ်။ "လေတွန်၊ ခင်ဗျားဘာလုပ်နေတာလဲဗျ"

လေတွန်ကလည်း လုပ်နေသည့်အရာတို့ကိုရပ်ကာ "ကြက်ပေါင်စားနေတာလေ"

ဖိန်ရှာဟာ အမြန်ပြေးသွားလိုက်ပြီး ကြက်ပေါင်ပန်းကန်ချပ်ကို လုယူလိုက်ရင်း "ကြက်ပေါင်တွေက အရိုးအရမ်းများတယ်၊ အဲတော့ သီးတတ်တယ်ဗျ၊ ခင်ဗျားဘာလို့ ကြက်သားတုံးလေးတွေကိုမစားတာလဲ၊ ကြက်သားတုံးလေးတွေက အရသာရှိတဲ့အပြင် အရိုးလည်းတစက်မှမပါဘဲ အသားတွေလည်း အပုံလိုက်ကြီးပါတာ"

ဝိဉာဉ်ဟိုတယ် (Myanmar Translation)Where stories live. Discover now