ဖိန်ရှာဖြစ်ရခြင်း၏ ဒုက္ခသုက္ခများ
☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️
ညစာအတူတူစားပြီးတော့ ဖိန်ရှာနဲ့ လူပုလေး လေတွန်တို့ဟာ သူငယ်ချင်းဖြစ်သွားကြပါတော့တယ်။ လေတွန်က သူ့ရဲ့နောက်ဆုံးတီထွင်ထားတဲ့ ဒိုမီနို နားထောင်စက်ကို လိုက်ကြည့်ဖို့ ဖိန်ရှာ့ကို အထူးတလည် ကမ်းလှမ်းလာပါတယ်။
ဖိန်ရှာက အဲဒီစက်ကလေးကိုကောက်ယူလိုက်ပြီး လက်ထဲမှာပဲ ဟိုကြည့်ဒီကြည့် စစ်ဆေးနေပါတယ်။ "ဒါက မှန်ပြောင်းမဟုတ်ဘဲ အသံဖမ်းစက်ဆိုတာ ခင်ဗျားဟာက သေချာလို့လား" နိုအာလှေကြီးပေါ်မှာ ပထမဆုံးတယ်လီဖုန်းဆိုတာကတော့ တကယ်တမ်း အရမ်းဝေးကွာနေသေးတဲ့အိပ်မက်တခုလိုပဲ။
"မှန်ပြောင်းထဲမှာပါတဲ့ တန်ဆာပလာတွေ ငါ့အသံဖမ်းစက်ထဲမှာ တခုမှမပါဘူး"
"ခင်ဗျား တယ်လီဖုန်းနဲ့တူတဲ့အရာလေး လုပ်မပေးနိုင်ဘူးလားဟင်" လို့ ဖိန်ရှာ လက်အမူအရာနဲ့ပြလေတယ်။ "အစွန်းနှစ်ဖက်မှာ ကွေးနေပြီးတော့..."
လေတွန်က စိတ်ပျက်သည့်ပုံဖြစ်သွားကာ "တယ်လီဖုန်းဆိုတာ ဘယ်လိုရှိလဲဆိုတာငါသိတယ် ဒါပေမဲ့ ငါ့ရဲ့ ဒိုမီနိုနားထောင်စက်နဲ့ယှဉ်ရင် အာ့တာက ကြိုးတွေ အချက်ပြဆက်သွယ်ရေးတွေ လိုသေးတယ်"
အာ့တာက ဖိန်ရှာစိတ်ထဲ အောင့်သက်သက်ဖြစ်သွားစေပါတယ်။ သူ့လက်ထဲမှာရှိတဲ့ မှန်ပြောင်းထက်နည်းနည်းပိုထူတဲ့ ပိုက်လိုအချောင်းလေးကို လှည့်လိုက်ပြီး ဖိန်ရှာက "ငါဒါကို ဘယ်လိုသုံးရမလဲ"
"အသံလာရာဘက်ကို ဦးတည်ထားလိုက်ပြီး မင်းရှင်းရှင်းလင်းလင်း မကြားရခင်ထိ အောက်ဘက်က အကွာအဝေးချိန်တဲ့ ဂီယာတံကိုလှည့်ပေးနေလိုက်"
ဖိန်ရှာလည်း လေတွန်ပြောတဲ့အတိုင်း လိုက်လုပ်နေပေမဲ့ အခုထိ အသံတစ်သံမှကို မကြားရသေးပါ။ "ကျွန်တော်ဘာမှမကြားရဘူး" ဆိုပြီး ဖိန်ရှာဟာ ညည်းသလိုပြောရှာပါတယ်။
"မင်းလှည့်ထားတဲ့ဘက်ကနေ အသံတွေဘာတွေ ထွက်လာမယ်လို့များ မင်းကထင်နေတာလား"
YOU ARE READING
ဝိဉာဉ်ဟိုတယ် (Myanmar Translation)
Fantasyအချိန်အကြာကြီး အလုပ်လက်မဲ့ဖြစ်ခဲ့ပြီး နောက်ဆုံးမှာတော့ "ဖိန်ရှာရှီ" အလုပ်တခုကို ရှာတွေ့ခဲ့လေသည်။ ထိုအလုပ်ကတော့ စင်္ကြာဝဠာတခုလုံးမှာ ရှေးအကျဆုံးဖြစ်တဲ့ ဟိုတယ်ကြီးတခုရဲ့ ဧည့်ကြိုကောင်တာထိုင်ရန်ပင် ဖြစ်သည်။ ထိုဟိုတယ်ကြီးမှာ မိုးကျရွှေကိုယ် တမန်တော်တပါ...