အခန်း (၂၄) ဇွဲလုံ့လရှိမှု (အပိုင်း ၂)

3.2K 489 24
                                    

အို... ဒီယာ... ဒီယာ... ဘာကြောင့်ကွယ် ဒီလောက်တောင်များ လှနေရသလဲဗျာ...

☄️☄️☄️☄️☄️☄️☄️☄️☄️☄️☄️☄️

အယ်မဒန်ဒေးက ဖြေးဖြေးဆေးဆေးဖြင့် လမ်းလျှောက်လာနေချေပြီ။ သူ့ဆံပင်တွေကို ကျစ်ဆံမြီးလျော့လျော့စီးထားကာ ကျောတွင်ချထားပြီး နီလာရောင်ပြာလဲ့လဲ့ဝတ်ရုံကလည်း သူ၏သွယ်လျသော်ငြား ကြံ့ခိုင်သန်မာသည့်ခန္ဓာကိုယ်အလှကို ဘောင်ခတ်ပေးထားသည်။ ဖိန်ရှာမမြင်ရသော်ငြားလည်းပဲ သူ့ရဲ့အလိုအလျောက်သိစိတ်အရ အယ်မဒန်ဒေးတွင် six-pack ရှိကောင်းရှိပေမည်။

"အတင်းပြောနေကြတယ်ပေါ့" အယ်မဒန်ဒေးက အပြုံးခပ်ယဲ့ယဲ့ဖြင့် စတင်စကားဦးသမ်းသည်။

"ဟုတ်တယ်ဗျ... ပါဦးမလား" ဖိန်ရှာကလည်း လှစ်ခနဲချက်ချင်းကောက်ဖြေလေသည်။

အားလုံး တိတ်ဆိတ်သွားကြလျှက်...

'မင်းတော့သေပြီ' လို့ပြောနေသည့်အကြည့်တချက်ကို ဂျင်ကဖိန်ရှာ့ဆီ ပစ်လွှတ်လိုက်ရင်း တဖက်ကလည်း ဟီရူးကိုသူနှင့်တူတူဆွဲခေါ်ကာ နောက်သို့တရွေ့ရွေ့ဆုတ်သွားလေသည်။ ဂျင်ဆိုသည့်ကောင်၏သစ္စာမဲ့မှုကို ဖိန်ရှာအပြစ်လှမ်းတင်တော့မည့်အချိန်တွင် အယ်မဒန်ဒေးက လေတွန့်ကို စူးစူးစိုက်စိုက်ဖောက်ထွက်မတတ်စိုက်ကြည့်ကာ "ဒီလအတွက်ငွေပေးတာကို မင်း ရပြီးပြီလား"

လေတွန်က အလျင်အမြန်ပင် ခေါင်းညိတ်ပြကာ "ရပြီးသွားပါပြီ"

"ဒါဆိုမင်းကဘာကိစ္စဒီနေရာမှာရှိနေသေးတာလဲ"

လေတွန်ကလည်း ငေါက်ခနဲထရပ်ကာ ထွက်သွားချေပြီ။ သူ့ပတ်ပတ်လည်က ရုတ်တရက်လစ်ဟာသွားသည့်ထိုင်ခုံများကို ဖိန်ရှာ အကြည့်တချက်ဝေ့ကြည့်လိုက်ပြီးနောက်တော့ မရယ်ချင့်ရယ်ချင်ဖြင့် ရယ်လိုက်ကာ "ကြည့်ရတာ ကျွန်တော်လည်း ဒီနေရာမှာ ဘာမှလုပ်စရာမရှိတော့ဘူးထင်တယ်ဗျနော်"

"မင်းပဲ ငါနဲ့အတင်းတူတူပြောချင်တယ်လို့ ခုနတုန်းက ပြောခဲ့တာမလား" ခပ်ယဲ့ယဲ့လေးသာပြုံးရင်း အယ်မဒန်ဒေးက ပြောသည်။

အတင်းအဖျင်းထဲက ဇာတ်ဆောင်နဲ့တူတူ အတင်းပြောရမယ် ဟုတ်လား... အဲ့အစား သူသေမယ့်လမ်းကိုပဲ အတင်း ရွေးလိုက်တော့မယ်...

ဝိဉာဉ်ဟိုတယ် (Myanmar Translation)Where stories live. Discover now