အခန်း (၃၅) စွန့်စားခန်း (အပိုင်း ၁)

755 211 24
                                    

ဖြတ်လမ်းတွေဆိုတာ သွားဖို့အတွက် အမြဲတမ်းအန္တရာယ်များတဲ့လမ်းတွေပဲတဲ့

....

"ဘုရင်မင်းမြတ်ကြီး..." သာလွန်ပိုကဲသည့်လှိုင်းသံဖြင့် ဖိန်ရှာ့အသံက တုန်လှုပ်ခါလို့သွားသည်။

မီးတောက်တို့က ဟန်ပါပါသက်ဝင်လှုပ်ရှားလျက် လှည်းဟာသုတ်ခနဲအောက်ဖက်သို့ ထိုးဆင်းလို့လာလေသည်။ လေ၏တွန်းတိုက်မှုကိုခံကာ အယ်မဒန်ဒေး၏ဝတ်ရုံရှည်ကြီးဟာ နိမိတ်မကောင်းသည့်ပုံဖြင့် တလွင့်လွင့်ဖြစ်လို့နေသည်။ ဖိန်ရှာဟာ မျက်နှာပေါ်မှာလည်း တရိုတသေအပြုံးကို ဆင်မြန်းထားရင်း ဒီယာ့နောက်သို့ ဖြေးဖြေးချင်းလျှိုဝင်လိုက်သည်။ ဒီယာကတော့ လှည်းကြီးမြေပေါ်ဆင်းသက်လာသည်ကိုကြည့်ရင်း ခံစားချက်ရဲ့အပြင်ပိုင်းဟန်တို့အားလုံးကို ထုပ်သိမ်းထားသည့်နှယ်ပုံဖြင့်ရှိသည်။ လှည်းပေါ်ကဆင်းလာသည့် အယ်မဒန်ဒေး၏တည်ငြိမ်သည့်ခြေလှမ်းများအောက်တွင် မီးတောက်မီးလျှံတို့ လုံးဝဥဿုံလွင့်စင်ကာ ငြိမ်းသက်သွားတော့သည်။

"မင်းဒီလိုလိုလိုလားလားပြန်လာလိမ့်မယ်လို့ တခါမှတောင်မတွေးထားဖူးဘူး"

"ဒါကတော့ ဒီယာရဲ့လေးနက်ပြီး အရူးအမူးဖြစ်နေတဲ့အချ_" ထုချခံလိုက်ရတာကြောင့် ခါးကိုညွတ်ကိုင်းသွားပြီး မြေကြီးထဲမြုပ်ဝင်သွားသည်နှင့်တပြိုင်နက် ဖိန်ရှာ့စကားဟာ တဝက်တပျက်နှင့်ပင် ပြီးသွားတော့သည်။

ဒီယာကတော့ တံတောင်ဆစ်ကို အသာလေးပြန်ရုတ်လိုက်ပြီး "ငါတို့ဒီကိုလာတာ အားလပ်ရက်အပန်းလာဖြေတဲ့သဘောပဲ... ပြီးတော့ ငါသူ့ကိုဟိုနားဒီနားလိုက်ပြချင်လို့"

"အဲလိုလား" အယ်မဒန်ဒေးအကြည့်တို့မှာ နက်ရှိုင်းပြီး သိချင်စိတ်ဖြစ်နေသည့်အရောင်လက်လျက်ရှိသည်။

ဒီယာက တဘက်သို့အကြည့်လွှဲလိုက်ကာ "လော့တီနီ ထွက်ပြေးသွားတယ်လို့ကြားတယ်"

"ဟုတ်တယ်" သူ့အားလုံးဝကို စိတ်အနှောင့်အယှက်ဖြစ်စေသည့်ဟန်ဖြင့် အဖြေဟာ ပြောင်ချော်ချော်နိုင်သည်။ "မင်းအရင်တုန်းကပြောတယ်လေ... အဲ့ဒီခေါင်းမာတဲ့ညီငယ်တွေက သူတို့အကိုကြီးတွေရဲ့အာရုံစိုက်တာခံရအောင်လို့ ပြဿနာတွေမီးထွန်းရှာပြပါလိမ့်မယ်.... ဒါကိုသည်းခံပါဆိုပြီးလေ...ကံဆိုးချင်တော့ ဒီတခေါက်တော့ ငါအဲလိုမလုပ်နိုင်တော့ဘူး"

ဝိဉာဉ်ဟိုတယ် (Myanmar Translation)Where stories live. Discover now