အခန်း (၅၁) စုံစမ်းမေးမြန်းခြင်း (အပိုင်း ၁)

763 215 15
                                    

သင့်ရန်သူအကြောင်းနှင့် သင့်ကိုသင်အကြောင်းသိပါက တိုက်ပွဲရာချီရဲ့ရလဒ်ကို ကြောက်ရွံ့နေဖို့မလိုအပ်တော့ပါဘူး...

.......................

တနေ့တုန်းက အိုက်စဖယ် လျစ်လျူရှုစွာဖြင့်လှည့်ထွက်သွားပြီးကတည်းက ဖိန်ရှာတယောက် အလွန့်အလွန်ကြီးသောဒွိဟကို ကြုံတွေ့ခံစားနေရသည်။

အဲ့နေ့က ဘာလို့အိုက်စဖယ်ကရုတ်တရက်ထပ်ပေါ်လာခဲ့ပြန်တာလဲ...

သူပြောတာကို သူကြားသွားသေးလား... ဒါမှမဟုတ် မကြားသွားဘူးလား...

တကယ်လို့မကြားသွားဘူးဆိုရင် သူကဘာလို့ရုတ်တရက်ပြန်လှည့်ထွက်သွားရတာလဲ...

တကယ်လို့ကြားသွားတယ်ဆိုရင်ရော... သူကဘာလို့ရုတ်တရက်ပြန်လှည့်ထွက်သွားရပြန်တာလဲ...

သူ့ဦးနှောက်ထဲတွင် ဆပ်ပြာပူဖောင်းများသဖွယ် မေးခွန်းများဖြင့်ပြည့်နှက်နေသည်မှာ လရောင်လေးက သူပြန်တဲ့အချိန်တုန်းက ဖိန်ရှာ့ကိုရွှေပြားတပြားမုန့်ဖိုးပေးခဲ့သည်ကိုတောင် ပျော်ရွှင်မှုကိုမခံစားနိုင်တော့သည်အထိဖြစ်၏။ သူ့မျက်လုံးထဲမှာ နိုအာလှေကြီး၏မနက်ခင်းများဟာ မှောင်မိုက်နေပြီး ညခင်းများကလည်း ထိုနည်းတူစွာပင်။ သို့သော် မနက်နှင့်ညများ၏မှောင်မိုက်မှုကို အတူတကွပေါင်းထားလိုက်ရင်တောင် သူ့နှလုံးသားရဲ့မကြည်လင်မှောင်မိုက်မှုကသာ ပို၍ညှိုးငယ်မည်းမှောင်လို့နေမည်ပင်။

ဟင်း...

သူ့၏တစ်ရာခြောက်ဆယ့်သုံးကြိမ်မြောက်သက်ပြင်းချသံကို ကြားလိုက်ရသည့်အခါ ထိုအရာကိုနောက်ဆုံးတော့ထပ်သည်းမခံနိုင်တော့ဘဲ ဂျင်ထခုန်ရပ်လိုက်ပြီး "သက်ပြင်းချချင်သပဆိုလဲ မင်းချလို့ရတယ်၊ ဒါမဲ့ကွာ ငါ့ခေါင်းတလားထဲမှာတော့ထိုင်ပြီး သက်ပြင်းတွေချမနေပါနဲ့တော့"

ဖိန်ရှာခေါင်းလှည့်လာပြီး သူ့ကိုသနားဂရုဏာသက်ဖွယ်အမူအယာဖြင့်ကြည့်လိုက်သည်။ "ဒါမဲ့... ငါခေါင်းတလားထဲမှာ ထိုင်မနေဘူးဆိုရင် မင်းကသေချာပေါက်အထဲတိုးခွေဝင်ပြီး ပြန်အိပ်တော့မှာပေါ့"

ဝိဉာဉ်ဟိုတယ် (Myanmar Translation)Where stories live. Discover now