အခန်း(၄၅) သံသယရှိသော သဘောတူညီချက် (အပိုင်း ၁)

743 225 21
                                    

မိတ်ဆွေဆိုးရထားတာထက် ဘာကပိုဆိုးပါသေးသလဲ... နောက်ဆက်တွဲအကျိုးဆက်တွေပေါ့...

.......................

မျက်လုံးချင်းဆုံလိုက်သည့်အခိုက်အတန့် ဖိန်ရှာ့နှလုံးသားမှာ လည်ချောင်းထဲထိပင် ဆောင့်တက်လာသကဲ့လို့ သေးမွှားသောလှုပ်ရှားမှုလေးဖြင့်ပင် ခုန်ထွက်လာတော့မည့်နှယ် စောင့်ဆိုင်းလို့နေသည်။ စိတ်ရှုပ်ထွေးဖို့ကောင်းစွာပင် အိုက်စဖယ်က ဘာကိုမှမလုပ်ပါ။ ထိုအစား သူဟာအိပ်ယာဘေးမီးအိမ်ကို ဖွင့်လိုက်ကာ ဆိုဖာပေါ်တွင် သေချာအကျအနထိုင်လိုက်ပြီး သူ့ရှေ့စားပွဲပေါ်တွင်တင်ထားသည့်စာအုပ်ကို ကောက်ယူလိုက်ပြီး မျက်လုံးအကြည့်တို့ကိုလွှဲလို့သွားသည်။

သူ့လက်တွေထဲကစာအုပ်သည်သာ ကမ္ဘာကြီးတွင် တခုတည်းသောအရေးပါအရာရောက်သည့်ပစ္စည်းတခုသကဲ့သို့။ တခဏလောက်တော့ ဖိန်ရှာသူ့အားသံသယမကင်း ကြည့်လိုက်မိပြီး အတွေးတို့က ထိန်းထားလို့မရစွာ ပေါ်လို့လာသည်။ သူ့ထက်အဲ့စာအုပ်ကပိုကောင်းနေလို့လား...

သိပ်မကြာခင်မှာပင် သူ့အတွေးဟာ အပြင်းအထန်ကိုဖိချနင်းချေခံလိုက်ရလေပြီ။

အခန်းဟာ စစလာကတည်းက အလွန်အင်မတန်မှကိုတိတ်ဆိတ်ငြိမ်သက်နေသော်လည်း အလုံးစုံငြိမ်သက်ခြင်းအဖြစ်ကို မသက်ရောက်သေးသည်ကတော့ စာရွက်လှန်သံများပင်ဖြစ်သည်။ အဆိုးဆုံးအပိုင်းမှာ သူဟာ ကိုယ်တုံးလုံးကြီးဖြင့် ပိုးလို့ပက်လက်လန်နေပြီး အခန်းတွင်းရှိ တခြားသောအခန်းဖော်ထံမှ အပြတ်အသတ်လျစ်လျူရှုခြင်းကို ခံထားရလေသည်။ သူ့ခန္ဓာကိုယ်က မအေးစက်နိုင်ရင်တောင်မှ နှလုံးသားကတော့ အေးစက်လို့နေချေပြီ။

သူ့စိတ်ကိုဖတ်လိုက်သည့်အလား အိပ်ယာပေါ်က အခင်းပါးလေးဟာ သူ့ပေါ်သို့အလိုလိုလာရောက်ရစ်ပတ်ဖုံးလွှမ်းလေသည်။ အိပ်ယာခင်းရဲ့အသုံးပြုပုံက ဘာလဲ... စိတ်ထဲတွင် ကြိတ်မကျေမနပ်ဖြစ်နေသည်ကိုအသာထား... အိုက်စဖယ့်အမူအယာကိုမြင်စမ်းချင်သည်ကြောင့် သူ့ကိုမြင်နိုင်အောင် ဖိန်ရှာအစွမ်းကုန်ကြိုးစားကြည့်လိုက်လေသည်။ သူမြင်လိုက်ရသည်မှာတော့ နွေးထွေးသက်တောင့်သက်သာဖြစ်နေဟန်ဖြင့် လက်သီးဖွဖွဆုပ်ထားသည့်ပေါ်တွင် ခေါင်းကိုတင်ထားလျက်ရှိသည့် အိုက်စဖယ့်ရဲ့ချောမောသောအသွင်အပြင်ကိုသာလျှင်။ မှိန်ပျပျအလင်းဟာ သူ့အသွင်အပြင်၏ခါတိုင်းကဲ့သို့ ထက်ရှမှုကို အရောင်တင်ပေးထားလျက်ရှိကာ အလွန်သိမ်မွေ့နူးညံ့သောရောင်ဝါကို ပေးစွမ်းထားလေသည်။

ဝိဉာဉ်ဟိုတယ် (Myanmar Translation)Where stories live. Discover now