အခန်း (၃၆) စွန့်စားခန်း (အပိုင်း ၂)

727 194 5
                                    

ဖြတ်လမ်းတွေဆိုတာ သွားဖို့အတွက် အမြဲတမ်းအန္တရာယ်များတဲ့လမ်းတွေပဲတဲ့

.........

တကယ်တော့ သူ့လက်ထဲကတောက်လောင်နေတဲ့မီးတောက်ကို လျစ်လျူရှုထားသည့် မည်သူကိုမဆို သူအတော်လေးကြည့်မရသူဖြစ်သည်။

ဖိန်ရှာလည်ချောင်းတချက်ရှင်းလိုက်ကာ "တဆိတ်လောက် ဒါမင်းနယ်မြေမှန်း ငါမသိခဲ့လိုက်မိဘူး.... ဒီနေရာက ဟာလာဟင်းလင်ကြီးဖြစ်နေတာကိုး... တံခါးမရှိ၊ နံရံမရှိနဲ့လေ... ဟားဟားဟား အင်း မရယ်ရဘူးထင်တယ်နော်... အင်းပါ... အဲ... မင်းလိုချင်တာဘာမှမရှိတော့ဘူးဆိုရင်လည်း ငါသွားတော့မယ်လေနော်" သူသတိကြီးကြီးထားကာ ထွက်သွားဖို့ပြင်လိုက်ပြီး ဒီနေရာကလွဲလို့ ဘယ်နေရာဖြစ်ဖြစ်သွားနိုင်ဖို့ရန်ပင်ဖြစ်သည်။

"နောက်တလှမ်းထပ်လှမ်းကြည့်လိုက် ငါမင်းကိုမီးမြှိုက်ပစ်မယ်"

ဒေါသထွက်ထွက်နှင့် ဖိန်ရှာဒီဘက်သို့ပြန်လှည့်လိုက်သည်။ "ဘာနဲ့လဲ... ဒယ်အိုးထဲထည့်ပြီးလား"

နတ်သူငယ်လေးဟာ သူ့အား မျက်လုံးပြူးပြူးဖြင့် စိတ်ရှုပ်ထွေးမရေရာမှုများ ရောထွေးနေသည့်ပုံဖြင့် ကြည့်လို့နေလေသည်။ သူပြောလိုက်သည့်စကားကိုသူ ဖိန်ရှာသဘောပေါက်လိုက်တာကြောင့် သူ့ခေါင်းနောက်ကိုပွတ်ရင်း စိတ်ဆင်းရဲစွာဖြင့် "ငါဘာမှကို မစားရသေးဘူး"

နတ်သူငယ်လေးက စိုက်ကြည့်နေဆဲ....

"မင်းကြည့်နေတဲ့အကြည့်က ငါ့အတွက်တော့ နားလည်ဖို့အရမ်းခက်လွန်းနေတယ်... သဲလွန်စလေးများ ပေးလို့မရဘူးလား"

"ငါလဲ ဘာမှမစားရသေးဘူး" နတ်သူငယ်လေးကပြောလေသည်။

........

ဒါဖြင့် အကြည့်က ဘဝတူသားကောင်လေးကို စာနာသည့်သဘောနဲ့ကြည့်တဲ့အကြည့်မျိုးပေါ့လေ... ဖိန်ရှာမျက်တောင်ခတ်လိုက်ကာ "မင်းဒီနေရာဒေသနဲ့ရင်းနှီးလား... ငါတို့စားစရာအတူတူသွားရှာလို့ရတယ်လေ" သိထားသလောက်ကတော့ နတ်သူငယ်တွေအားလုံးနီးပါးဟာ အများအားဖြင့် သတ်သတ်လွတ်သမားများပင်ဖြစ်သည်။ အကယ်လို့များ နတ်သူငယ်ဆိုးတွေက အခုဆိုအသားနည်းနည်းစားလာကြပြီဆိုရင်တောင် လူအသားကတော့ စာရင်းထဲမှာ သေချာပေါက်ပါဦးမည်မဟုတ်လောက်သေးပေ။ ဘယ်ဆီဘယ်ဝယ်မသိသည့်နေရာအလယ်တွင် သတ်သတ်လွတ်သမား လူသားပုံစံသတ္တဝါမျိုးနှင့်အတူ သောင်တင်နေရသည်ဆိုသည်မှာ တကယ်တော့ အဆင်ပြေသည့်အခြေအနေဟုပင် ပြောလို့ရသည်။

ဝိဉာဉ်ဟိုတယ် (Myanmar Translation)Where stories live. Discover now