အခန်း (၂၆) အဘိဇ္ဈာပွားခြင်း (အပိုင်း ၂)

1.7K 513 24
                                    

အဲ့အရှုံးသမားတွေထက် လျှို့ဝှက်ချက်ကို ထိန်းထားပေးနိုင်လား

...............................................

လေပြင်းတခုက ဖိန်ရှာ့ကိုဆွဲမသွားပြီး မျက်နှာကျက်တွင်ကပ်နေစေသည်။ သူငယ်ငယ်တုန်းက ပျံနိုင်ဖို့အိပ်မက်မက်ဖူးခဲ့ပါတယ်... ရယ်မောရင်း... သဘောကျရင်းနဲ့ သူ့ခြေထောက်အောက်မှာရှိတဲ့ မထင်မရှားအရာလေးတွေကို လှောင်ပြောင်သရော်ရင်းနဲ့ပေါ့... အခုလိုမျိုးကြီးတော့မဟုတ်ပါ။

"နိုအာလှေကြီးက သက်ညှာမှုအခွင့်အာဏာရနိုဗန်အဖွဲ့စည်းကြီးပါနော်" ဂျင်က အသံနက်နက်ဖြင့် အသိပေးလိုက်သည်။

သက်ညှာမှုအခွင့်အာဏာရက ဘာလဲ... ဆုတံဆိပ်လိုမျိုးဟာများလား...

ဖိန်ရှာရဲ့မကြည်လင်နေတဲ့အမြင်တို့က တခဏတွင်းမှာ ပြန်အလင်းရလာခဲ့သော်လည်း ကံဆိုးစွာပင် အယ်မဒန်ဒေး၏အကြည့်တို့ကတော့ အနှစ်တထောင်လောက် စုစည်းလာခဲ့ရသည့် သွေးဆာနေသည့်လူသတ်သမားတယောက်သကဲ့သို့ ရှိနေဆဲပင်။

ဘုရားရေ ဒီနတ်သူငယ်ကတော့ သွေးစုပ်ကောင်ထက်ကို ပိုကြောက်ဖို့ကောင်းတယ်

"အဲလိုဆိုတော့ရော ဘာအတွက်ကြောင့် ငါကဂရုစိုက်နေရမှာလဲ" အယ်မဒန်ဒေး၏အသံမှာ တောင်ဝင်ရိုးစွန်းမှလာသကဲ့သို့ပင်။

ဂျင်၏မျက်နှာကတော့ ယခုထက်ထိ မထုံတက်သေးဖြင့်ရှိသော်လည်း ဖိန်ရှာကတော့ သူ့လည်ပင်းနောက်ဘက်နားမှ လိမ့်ဆင်းနေသည့် ချွေးသီးလုံးများကို မြင်ရလေသည်။ ဒီကောင့်ကိုတော့ အကူညီပေးလို့မဖြစ်ချေတော့။ ကာကွယ်ဖို့အတွက်အသင့်ဖြစ်နေသောအနေအထားမှ ဆုတ်ခွာကာ ဖိန်ရှာလည်း အကူညီသွားခေါ်ဖို့ကလွဲပြီး မတတ်နိုင်တော့။ သူအရင်တုန်းကဆို ဇာတ်ကားတွေထဲမှာပါတဲ့ ဇာတ်ဆောင်က ဘာမှပြန်မလုပ်ဘဲ အသံပြဲကြီးနဲ့ ပြေးအော်ပြီးအကူညီ အမြဲတောင်းနေတတ်တာကို ရှုံ့ချခဲ့ဖူးပါတယ်။ ဘယ်လိုကောင်မျိုးမို့ ဒီလိုထောက်ချောက်ထဲ၊ တောင်ကမ်းပါးထဲကို ခဏခဏကျရတာလဲ ဘာညာနဲ့လည်း ဝေဖန်ဖူးပါတယ်။ အဲလိုဇာတ်ညွှန်းကိုရေးတဲ့သူကိုလည်း အလုပ်ဖြုတ်ပစ်သင့်တယ်လို့လည်း တွေးမိဖူးပါတယ်။

ဝိဉာဉ်ဟိုတယ် (Myanmar Translation)Where stories live. Discover now