အခန်း (၃၉) ပြန်လည်အစီရင်ခံစေခြင်း (အပိုင်း ၁)

954 233 8
                                    

အားလပ်ရက်တွေရောက်ပြီဆို အချိန်ကကုန်ပြီ

.............

"မန်နေဂျာ" ရင်းနှီးခြင်း၏လောကြီးမှုမျိုးက သူ့ကိုလွှမ်းခြုံရင်း အိုက်စဖယ်၏ဆင်းသက်လာသည့်ပုံရိပ်ရှိရာထံ အတင်းပြေးသွားလိုက်တော့သည်။ "အချိန်ကိုက်ကိုရောက်လာတာပဲ... ခင်ဗျားရဲ့ခမ်းနားကြီးကျယ်စွာရောက်လာတဲ့ပုံစံက ကျွန်တော့်မှာဖြစ်နေတဲ့ကြောက်မက်ဖွယ်အခြေအနေနဲ့ယှဉ်ရင် တကယ့်ကိုဖန်တီးလိုက်တာပဲ... ခင်ဗျားသိလား" သူတို့ပတ်လည်တွင် အနီရောင်အလင်းများဝန်းရံလျက် အိုက်စဖယ်မြေပြင်ပေါ်သို့ ဆင်းသက်လာဟန်ကို ဖိန်ရှာကြည့်နေလိုက်မိသည်။

"ဒါက နတ်တွေမြေပေါ်ဆင်းပြီး ဘုရားသခင်ရဲ့စကားတွေကို ပန်ကြားပေးတဲ့အခါမှာသုံးတဲ့ သာမန်မန္တန်မျိုးပါ" အိုက်စဖယ်က ဆက်ရှင်းပြသည်။ "ငါ ဘုရားသခင်ရဲ့အလိုတော်အရလာတာမဟုတ်လို့... အချိန်ကန့်သတ်ချက်က တစ်မိနစ်ပဲရတယ်"

.......

မရိုင်းလိုပါဘူး သို့သော် တစ်မိနစ်အတွင်းမှာ ဘယ်လိုအစကနေအဆုံးထိ သေချာရှင်းပြနိုင်မှာလဲ... ဖိန်ရှာလည်း အချိန်ဖြုန်းမနေတော့ဘဲ သူ့အားအလုံးစုံအာရုံစူးစိုက်ခြင်းမျိုးဖြင့်ကြည့်လိုက်ကာ "အခုကျွန်တော်တို့ဘာလုပ်ကြမလဲ"

"စီရင်ထားတာကို ဖျက်မယ်"

ပြောသာပြောလိုက်သော်လည်း အိုက်စဖယ်ကမူ တလက်မမျှတောင် လှုပ်မလာပါ။ အဲ... ဒီတိုင်းလေးပြောရုံပြောပြီး တကယ်ဘာမှမလုပ်ဘဲနေလို့မရဘူးလေ... အကယ်လို့များ အချိန်ကန့်သတ်ချက်ပြည့်သွားပြီး မန္တန်တဝက်မှာတင် အိုက်စဖယ်က နိုအာလှေကြီးကိုပြန်ရောက်သွားပြီး ကျန်တဲ့တဝက်ကို ဖိန်ရှာ့ဘာသာပြန်စဉ်းစားဖို့ ထားခဲ့ပြီသာဆိုလို့ကတော့ သူလည်း လော့တီနီကဲ့သို့ပင် အဆုံးသတ်ရချေတော့မည်။ "မြန်မြန်လေးလုပ်ပေးလို့ရမလား"

အိုက်စဖယ်က သူ့အား တချက်စောင်းငဲ့ကြည့်လိုက်လေသည်။ အလင်းရောင်မှိန်မှိန်တွင်ပင် သူ့ကိုစိုက်ကြည့်နေပါလားဆိုသည့်ခံစားချက်ကို ဘာကြောင့်ရယ်မသိ ရလို့နေလေသည်။‌ "လေးဆယ့်တစ်စက္ကန့်ရှိပြီ" နည်းလမ်းကိုပြောင်းရင်း သူလောလိုက်တော့သည်။

ဝိဉာဉ်ဟိုတယ် (Myanmar Translation)Where stories live. Discover now