အခန်း (၅၆) ကံကောင်းခြင်း (အပိုင်း ၂)

752 197 15
                                    

တံခါးများမှတွန့်လိမ်ကောက်ကွေးနေသည့်ကနုတ်ပန်းများကို သုံးစက္ကန့်တိတိ ဖိန်ရှာငေးကြည့်လိုက်မိပြီးမှ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိတော့သည်။

လူစီဖာ၊ မိုက်ကယ်...

ထိုပုဂ္ဂိုလ်များဟာ ဒဏ္ဍာရီ၏ဒဏ္ဍာရီဝင်သူများဖြစ်ကြပြီး သူ့မျက်စိရှေ့တည့်တည့်မှာကို ပေါ်ထွက်လာခဲ့ခြင်းပင်။ သူမြင်လိုက်ရတာဆိုလို့ အလင်းလုံးလေးများသာဖြစ်သော်လည်း ထိုအရာများကပင် ဒဏ္ဍာရီလာအလင်းလုံးများ ဖြစ်ကြသည်။

ခြေထောက်များပေါ့ပါးမှု၊ နှလုံးသားမှချစ်ကြောက်ရိုသေမှုတို့ဖြင့် ဖိန်ရှာလမ်းလျှောက်လာခဲ့သည်။

ဧည့်ကြိုခန်းထဲတွင် လန်ကာကအလယ်မှာရပ်နေသည်။ တညီတညာတည်းရွှေချည်ထိုးထားသည့် သူ့၏ကြွယ်ဝသောခရမ်းရောင်ဝတ်ရုံပတ်လည်၌ ခါးထိရှည်သည့်ရွှေအိုရောင်ဆံပင်ကို ရွှေရောင်ဖဲကြိုးနှင့် ထပ်တွန့်ပြီးစည်းနှောင်ထားကာ အဝတ်အစားအသစ်တစုံကို လန်ကာကဝတ်ဆင်ထားသည်။ သူ့ခါးတဝိုက်၌ သိသာထင်ရှားသည့်အရောင်နှင့်အရွယ်အစားရှိသော ပတ္တမြားများကို ဆင်မြန်းထားသည်မှာ အလင်းရောင်အောက်တွင် တော်ဝင်ဆန်စွာတောက်ပလျက်ရှိသည်။ လန်ကာဟာ အရင်ကထက်ကိုပို၍ တင့်တယ်လျက် ခမ်းနားကြီးကြယ်ဟန်ပိုပေါ်လို့နေသည်။

သူရောက်လာသည်ကိုမျှော်လင့်နေသည့်အလား လန်ကာက ဖြည်းညင်းစွာလှည့်လိုက်ပြီး ကသိကအောက်ဖြစ်နေသည့်ပုံနှင့် ဖိန်ရှာ့ကိုပြောသည်။ "ငါလမ်းပျောက်နေပြီ"

လန်ကာက ဟီရူးနဲ့ပတ်သတ်ပြီး အထူးခံစားချက်များရှိနေသည်ဟု ဂျင်ကပြောထားလို့လားတော့မသိတတ်... ဖိန်ရှာချက်ချင်းလက်ငင်းပင် ဒီအသစ်ရောက်ရှိလာသူကို သဘောကျလာမှန်း ကိုယ့်ကိုယ်ကိုသိလိုက်ရသည်။ "အရှင့်သားက ဘယ်ကိုသွားချင်လို့လဲ"

"မီးဖိုဆောင်ကိုပါ ကျေးဇူးပြုလို့" လန်ကာ့၏သိမ်မွေ့သည့်ဟန်ပန်များ၌ ယဉ်ကျေးခြင်း၏နူးညံ့မှုများကို သယ်ဆောင်ထားပြီး ပြုံးလျက်ဖြင့် "ကိုယ်ကိုယ်တိုင်အတွက် ဟင်းလေးနည်းနည်းလောက်ချက်ချင်လို့ပါ"

ဝိဉာဉ်ဟိုတယ် (Myanmar Translation)Where stories live. Discover now