သင့်ရန်သူအကြောင်းနှင့် သင့်ကိုသင်အကြောင်းသိပါက တိုက်ပွဲရာချီရဲ့ရလဒ်ကို ကြောက်ရွံ့နေဖို့မလိုအပ်တော့ပါဘူး...
.......................
ဖိန်ရှာ့အလောင်းအား အခန်းထောင့်သို့ဆွဲသွားပြီး ဂျင်အံ့အားသင့်စွာပြောလိုက်လေသည်။ "ဒါမလုံလောက်သေးဘူး၊ ငါတို့ရှုထောင့်ပြောင်းပြီး တခြားမတူတဲ့နည်းလမ်းကိုသုံးဖို့လိုအပ်နေပြီ"
ကြမ်းပြင်ပေါ်တွင်ဆန့်ဆန့်ကြီးလဲနေသည့်တစုံတယောက်ဟာ အသက်ပြန်ဝင်လာပြီးမေးတော့သည်။ "ဘာရှုထောင့်လဲ၊ ဘာနည်းလမ်းလဲ"
"ဒါက... အရာတွေရဲ့အောက်ခြေကိုရဖို့ တန်းတန်းမဟုတ်ဘဲ ကွေ့ဝိုက်တဲ့နည်းနဲ့ရယူဖို့"
"ငါတို့အခုလုပ်နေတဲ့ဟာထက်ကို ကွေ့ဝိုက်တဲ့နည်းလမ်းဆိုတာရှိသေးတယ်လား" ဖိန်ရှာဖြည်းဖြည်းချင်းထိုင်လိုက်ပြီး "ပြီးတော့ အခုလေးတင် ငါသူ့ဘောင်းဘီကိုရလိုက်တော့မလို့... မင်းသာငါ့ကို ရွှေဒင်္ဂါးတရာချေးပေးရင်ပေါ့"
"ရွှေပြားတရာနဲ့ သုံးပြီးသားဘောင်းဘီကိုဝယ်ဦးမယ်ပေါ့" ဂျင်မျက်လုံးလှန်လိုက်ပြီး "ငါကမင်းအဖေလဲမဟုတ်၊ မင်းကငါ့တရားဝင်သားလဲမဟုတ်ဘူးနော်"
ဖိန်ရှာဖြည်းဖြည်းလေး ပြန်ဝပ်တွားလိုက်ပြီး "အင်း.. ဒါဖြင့်လဲ ထားလိုက်ပါတော့၊ ငါလက်လျှော့လိုက်သင့်ပါပြီ"
"မရဘူး" ဂျင်ကသူ့လက်မောင်းကိုဆုပ်ကိုင်ကာ "တဝက်တပျက်နဲ့လက်လျှော့တာမျိုးက ငါ့ပုံစံမဟုတ်ဘူး"
"ဟွန့်.. တဝက်တပျက်နဲ့လက်မလျှော့တတ်ဘူးလား... ဒါဖြင့် ဘယ်လိုဖြစ်ပြီးဒီယာက အယ်မဒန်ဒေးလက်ထဲ ထွက်ပြေးသွားနိုင်တာလဲပြောပါဦး"
"အနည်းဆုံးတော့ ငါတို့ကြားမှာတခုခုဖြစ်ခဲ့သေးတယ်လေ" ဂျင်ကမျက်စောင်းထိုးက သူ့ကိုမျက်လုံးမှေးကြည့်လိုက်ပြီး "မင်းကရော၊ အခုချိန်မှာဘာမှမပြောဘဲနေကြဦးစို့၊ ဒါမဲ့မင်းမှာအောက်ခံဘောင်းဘီရှိလို့လား"
ဖိန်ရှာစိတ်ဓာတ်ကျစွာဖြင့် ထောင့်လေးမှာသွားဆောင့်ကြောင့်ထိုင်လိုက်လေသည်။
YOU ARE READING
ဝိဉာဉ်ဟိုတယ် (Myanmar Translation)
Fantasyအချိန်အကြာကြီး အလုပ်လက်မဲ့ဖြစ်ခဲ့ပြီး နောက်ဆုံးမှာတော့ "ဖိန်ရှာရှီ" အလုပ်တခုကို ရှာတွေ့ခဲ့လေသည်။ ထိုအလုပ်ကတော့ စင်္ကြာဝဠာတခုလုံးမှာ ရှေးအကျဆုံးဖြစ်တဲ့ ဟိုတယ်ကြီးတခုရဲ့ ဧည့်ကြိုကောင်တာထိုင်ရန်ပင် ဖြစ်သည်။ ထိုဟိုတယ်ကြီးမှာ မိုးကျရွှေကိုယ် တမန်တော်တပါ...