အခန်း (၆၇) အငြင်းပွားမှု (အပိုင်း ၁)

869 186 20
                                    

လော့တီနီမှာ ရှမယ်နဲ့အတူပူးပေါင်းကြံစည်တာမျိုးပင် စလုပ်ချိန်မရလိုက်ခင် ရှမယ့်ကို လေတွန်က အရေးပေါ်အစည်းအဝေးရှိတယ်ဟုဆိုကာ ရုတ်တရက်လာခေါ်သွားတော့သည်။

အိုက်စဖယ်က အစည်းအဝေးကိုခေါ်ယူကျင်းပခြင်းဖြစ်သည်။ ဆွေးနွေးမည့်အကြောင်းအရာကတော့ တခုတည်းသာလျှင်ဖြစ်သည် -- သူတို့ဂျင်နဲ့ဟီရူးကို သွားကယ်သင့်သလားဟူ၍...

လေတွန့်ရဲ့ပိဋကတ်သုံးပုံကျမ်းလောက်စကားများကို နားထောင်ပြီးနောက်မှာတော့ ဂျင်နဲ့ဟီရူးဟာ တခြားကမ္ဘာမှာ အန္တရာယ်ကျရောက်နေသည်ဆိုတာကို ဖိန်ရှာသဘောပေါက်လိုက်ရသည်။ နိုအာလှေကြီးအတွက် ယခုလိုကိစ္စမျိုးဖြစ်တာ ပထမဆုံးအကြိမ်ဖြစ်သည်။

"ဂျင်နဲ့ဟီရူးတို့က နိုအာလှေကြီးရဲ့အဖွဲ့ဝင်တွေဖြစ်ပေမဲ့ သူတို့တွေက သွေးမျိုးနွယ်နဲ့ မူလဘူတရဲ့ကိုယ်စားလှယ်တွေပဲလေ... ကျွန်တော်တို့က ကယ်ဆယ်ရေးလုပ်ဖို့ပြောနေကြတယ်ဆိုရင်တောင် ကျွန်တော်တို့အနေနဲ့ သူတို့ဆီကိုအရင်အကြောင်းမကြားသင့်ဘူးလား" ရှမယ်ကမေးသည်။

"သွေးမျိုးနွယ်ရဲ့သခင်ကြီး ကိန်းက ခုထိအိပ်ပျော်နေတုန်းပဲ၊ ငါတို့လိုသာမန်လူတွေ သူ့ကိုရှာလို့တွေ့မှာမဟုတ်ဘူး၊ ကိန်းအပြင်ဆိုရင် ဂျင်ကအင်အားအကြီးဆုံးသူ၊ တခြားသွေးစုပ်ကောင်တွေသွားမယ်ဆိုရင်တောင် အသုံးမကျတာပဲဖြစ်ကုန်လိမ့်မယ်" အန်တိုနီရိုကပြောသည်။

"ကျွန်တော်တို့သွေးစုပ်ကောင်အုပ်လိုက်ကြီးကိုခေါ်သွားလိုက်မယ်ဆိုရင်ရော" ရှမယ်ကမေးသည်။

အဆုံးတော့ အန်တိုနီရိုက အကြံပေးချက်ကို အသိမှတ်မပြုခဲ့ဘဲ ရှမယ့်ကိုစိုက်ကြည့်လျက် "မင်းက ကမ္ဘာတွေကြားစစ်ပွဲကို စစေချင်လို့လား"

ရှမယ့်ရဲ့စိတ်အားထက်သန်သောအကြံပေးချက်များသည် ထိုသို့အေးစက်သောရပ်တန့်မှုဖြင့် ကြုံလိုက်ရပြီး သူ့စိတ်အခြေအနေကလဲ ချက်ချင်းပဲရေစီးသွားသလို အောက်ကျသွားလေတော့သည်။ ရှက်ဖို့ကောင်းလိုက်တာ၊ သူစကားထပ်မပြောတော့ပါ။

ဒီဆွေးနွေးပွဲက ဘယ်ကိုမှခရီးမပေါက်လာသလိုမျိုး ဖိန်ရှာခံစားလာရသည်။ နှစ်ဘက်စလုံးက တယောက်နဲ့တယောက် ပြန်လည်ချေပနေကြရုံသာဖြစ်ပြီး တကယ့်ပြဿနာရဲ့ရင်းမြစ်ကိုတော့ ဘယ်သူကမှ တကယ်ဂရုမစိုက်နေကြပါ။

ဝိဉာဉ်ဟိုတယ် (Myanmar Translation)Where stories live. Discover now