မီးပွားရှိနေတာလား... တယောက်လောက် လောင်စာသွားယူခဲ့ပေးပါ...
.................
အမူးပြေပြီးနောက် ဂျင်ပထမဆုံးပြောသည့်စကားကတော့ "အရှက်မဲ့လိုက်တာ၊ ဘယ်လိုတောင်အရှက်မဲ့ရတာလဲ"
ရေကူးဘောင်းဘီထံမှ ခေါင်းပြူထွက်လာသည့်ဖိန်ရှာက မေးလိုက်သည်။ "ဘာကအရှက်မဲ့တာလဲ"
ဂျင်ထထိုင်ပြီး မွေ့ယာကို ကြမ်းကြမ်းတမ်းတမ်းထိုးချပစ်လိုက်ပြီး "တကယ်တော့ အိုက်စဖယ်က သူ့သောက်စရာနဲ့ငါ့ဟာကို လဲထားလိုက်တာကွ"
"...ဒါတကယ့်ကိုအရှက်မဲ့တာပဲ"
"မင်းလဲ သူအရှက်မဲ့တယ်လို့ထင်တယ်မလား" သူ့ရဲ့အိပ်ချင်မူးတူးခေါင်းကိုထိန်းထားရင်း ဂျင်ကသူ့ထံစိတ်အားထက်သန်စွာကြည့်လေသည်။
ငါပြောချင်တာက မင်းကမှတကယ်ကိုအရှက်မဲ့တာလို့...
ဖိန်ရှာသူ့အားပွင့်လန်းနေသည့်ပန်းလေးတပွင့်ကို ပြသလိုက်သည်။
ဂျင့်အကြည့်တို့က ရုတ်တရက်ဆိုသလို သူ့ခေါင်းပေါ်ရောက်လို့သွားပြီး အံ့ဩတကြီးအော်ချလိုက်သည်။ "မင်းတကယ်ကြီး သူ့ဘောင်းဘီတိုကိုဆွဲချွတ်ယူလာခဲ့တာလား၊ ပြီးတော့ အဲလိုလုပ်လို့ မင်းအသတ်မခံရသေးဘူးပေါ့၊ မင်းကတကယ့်ကို..." တဖက်ကတကယ်တမ်းဘာလုပ်ခဲ့သည်ဆိုတာကိုတော့ ဂျင်မသိတော့ပါ။ ဘာလို့ဆို သူရလိုက်သည့်အံ့အားသင့်မှုက အတော်ကြီး၍ပင်။ ဂျင်တခဏရပ်လိုက်ပြီးနောက်မှ တိုးတိုးလေးမေးလိုက်သည်။ "သူ့အောက်ကဟာရောကြီးရဲ့လား"
ဖိန်ရှာ ဂျင့်ကိုအားကိုရာမဲ့ဖြစ်လျက်ကြည့်လိုက်ပြီးမှ "မင်းမှာ ပိုဖြူစင်တဲ့အတွေးမျိုးတွေများ မရှိနိုင်တော့ဘူးလား"
ဂျင်က စိတ်ဝင်တစားမေးသည်။ "ဧကန္တ သူ့ရဲ့အဲ့အောက်ကဟာက အရမ်းတော့ဖြူစင်မနေခဲ့ဘူးမလား" (သာမန်လောက်မဟုတ်ဘူးမလား)
"......" ဖိန်ရှာက ရုတ်တရက်ကြီး သူ့ဘောင်းဘီပေါ်မှထပ်၍ ရေကူးဘောင်းဘီတိုလေးကို ဝတ်လိုက်သည်။ ထို့နောက်တော့ နေရာတွင်ပတ်ပြေးလိုက်ပြီး ဂျင့်ကိုပြောလိုက်လေသည်။ "ငါ့ကြည့်ရတာ superhero နဲ့မတူဘူးလား"
YOU ARE READING
ဝိဉာဉ်ဟိုတယ် (Myanmar Translation)
Fantasyအချိန်အကြာကြီး အလုပ်လက်မဲ့ဖြစ်ခဲ့ပြီး နောက်ဆုံးမှာတော့ "ဖိန်ရှာရှီ" အလုပ်တခုကို ရှာတွေ့ခဲ့လေသည်။ ထိုအလုပ်ကတော့ စင်္ကြာဝဠာတခုလုံးမှာ ရှေးအကျဆုံးဖြစ်တဲ့ ဟိုတယ်ကြီးတခုရဲ့ ဧည့်ကြိုကောင်တာထိုင်ရန်ပင် ဖြစ်သည်။ ထိုဟိုတယ်ကြီးမှာ မိုးကျရွှေကိုယ် တမန်တော်တပါ...