အင်မတန် ကံခေသောဖြစ်ရပ်များ
✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️
"အေစကရီတို၊ ဒီကိုထွက်လာခဲ့စမ်း၊ သူရဲဘောကြောင်တဲ့ကောင်"
အော်ဟစ်လိုက်သံကြီးက ဖိန်ရှာရဲ့အကူညီတောင်းသံလေးကိုတောင် ဖုံးလွှမ်းသွားပါတယ်။
လျှောက်လမ်းတလျှောက် အသံကြီးဟိန်းထွက်သွားပြီးနောက် မြန်မြန်လာနေတဲ့ တဗုန်းဗုန်းအသံကြီးတွေက နီးလို့နီးလို့လာပါတယ်။ မကြာခင်မှာပဲ အေစရဲ့ ဧရာမပုံရိပ်ကြီးဟာလည်း ဝင်ပေါက်မှာ ပေါ်လို့လာပါတယ်။ သူ့လက်ထဲမှာလည်း ဆူးချွန်တက်ထားတဲ့ ဘေ့စ်ဘောရိုက်တံကြီးတခုကိုလည်း ဆုပ်ကိုင်ထားလျှက်။
ရေးးးးး အေစကွ၊ ဒီကောင်ရဲ့မျက်နှာကို အဲ့ဟာကြီးနဲ့ ကြေမွသွားအောင် ရိုက်ချပစ်လိုက်စမ်း။
"နောက်ဆုံးတော့ မင်းထွက်လာခဲ့ပြီပေါ့၊ သူရဲဘောကြောင်တဲ့ အေစ၊ ငါ့အသံကိုကြားတာနဲ့ မင်းတယောက်တော့ မင်းအမေရဲ့ဗိုက်ထဲကို ပြန်တိုးဝင်သွားပြီလို့ ငါက ထင်နေတာ"
အေစရဲ့မျက်နှာပေါ်မှာတော့ အံ့သြမင်သက်သွားခြင်းဆိုတဲ့စကားလုံးတွေကို ရေးခြယ်ထားလျှက်။
"ဒါအာ့ခ်၊ မင်းက ဘာလို့ ဒီမှာရောက်နေတာလဲ"
"ခင်ဗျားတို့တွေ... ခဏနေတော့မှ... ပြန်လည်ဆုံတွေ့ပွဲကျင်းပကြပါလားဟင်..."
မျက်နှာတပြင်လုံး နီမြန်းလျှက်ပဲ ဖိန်ရှာ တော်တော်မှ ခက်ခက်ခဲခဲကို အသက်ရှုနေရပါတယ်။
"ဒီလို... အဝတ်လှမ်းထားသလို... လုပ်ထားတဲ့ကိစ္စကို... အရင်... ရပ်ပေးကြပါလား နော်..."
"အဝတ်လှမ်းတယ်၊ ဒီလိုမျိုးလား၊ လေပြေညင်းလေးတွေကို မင်းခံစားမိရဲ့လား"
ပြောရင်း ဒါအာ့ခ်ဟာ သူ့ကော်လံကနေကိုင်ပြီး ဟိုဘက်သည်ဘက် လွှဲလိုက်ပါတယ်။
"........."
ဖိန်ရှာရဲ့နောက်ဆုံး စကားလုံးရွေးချယ်မှုကတော့ လိုရင်းတိုရှင်းကျတဲ့ လက်ခလယ်ပဲ ထောင်ပြနိုင်ပါတော့တယ်။
"သူ့ကို လွှတ်လိုက်ပါ၊ ဒါအာ့ခ်၊ သူက လူသားကွ၊ သူသေသွားလိမ့်မယ်"
YOU ARE READING
ဝိဉာဉ်ဟိုတယ် (Myanmar Translation)
Fantasyအချိန်အကြာကြီး အလုပ်လက်မဲ့ဖြစ်ခဲ့ပြီး နောက်ဆုံးမှာတော့ "ဖိန်ရှာရှီ" အလုပ်တခုကို ရှာတွေ့ခဲ့လေသည်။ ထိုအလုပ်ကတော့ စင်္ကြာဝဠာတခုလုံးမှာ ရှေးအကျဆုံးဖြစ်တဲ့ ဟိုတယ်ကြီးတခုရဲ့ ဧည့်ကြိုကောင်တာထိုင်ရန်ပင် ဖြစ်သည်။ ထိုဟိုတယ်ကြီးမှာ မိုးကျရွှေကိုယ် တမန်တော်တပါ...