နက်နဲပြီး ချင့်ချိန်စဉ်းစားနေသည့်ပုံစံဖြင့် ဂျင်ကသူ့ကို မလွဲသောအကြည့်ဖြင့်ကြည့်နေသည်။ အကယ်လို့တယောက်ကသာ ထိုအရာကိုအဓိပ္ပာယ်ဖွင့်ဆိုချင်ပါက ဘာမှမရှိသည့်နေရာက တိတ်ဆိတ်သောလမ်းပေါ်တွင် မှိတ်တုတ်မှိတ်တုတ်အလင်းရောင်ကို ပေးနေသည့် အထီးတည်းသောလမ်းမီးတိုင်ကြီးလိုပင်။ ဒါမှမဟုတ်လည်း ချောက်ကမ်းပါးပေါ်ကပြုတ်ကျသွားရှာသည့် ဓာတ်မီးမှ သူ့ဘာသာပိတ်လိုက်ပွင့်လိုက်ဖြစ်နေသည့် အလင်းရောင်လိုလို... ဒါမှမဟုတ်လည်း ခင်ဗျားတို့ ခုလောက်ဆို သဘောပေါက်ကြလောက်မှာပါ...
"ခင်ဗျားလည်းသိတဲ့တိုင်း...ဟီရူးနဲ့ကျွန်တော်က အတော်လေးကိုကောင်းကြတဲ့မိတ်ဆွေတွေပါ" ဖိန်ရှာက အတည်သဘောဖြင့် စပြောလိုက်သည်။
"ငါ့လောက်တော့ မကောင်းပါဘူး.. ပြောရမယ်ဆိုရင်ပေါ့" ဂျင်က အံကိုကြိတ်ရင်းပြောသည်။
ဂျင်ရဲ့သွားများဟာ မကြာမကြာကိုမှ ယားတတ်ပုံရကြောင်း ဖိန်ရှာသတိထားမိတာကြာပြီ။ "အဲ... အိုက်စဖယ်က ကျွန်တော့်အသက်ရှင်ရေးအတွက် အာမခံပေးဖို့ သဘောတူထားတယ်"
"ဒါမယ့်မင်းခြေတွေလက်တွေအတွက်တော့မပါပါဘူး.. အတော်လေးများတဲ့ နှိပ်စက်တဲ့နည်းလမ်းပေါင်းစုံ လူသားတွေဆီမှာရှိကြတယ်လို့ ငါကြားထားတယ်"
"တချို့ပိုကောင်းတဲ့အရာတွေကို ခင်ဗျားဘာလို့များ ယူမသွားတာလဲ... ခင်ဗျားမှာ ရွေးချယ်စရာ နောက်ထပ်လူသားဖွံ့ဖြိုးတိုးတက်မှုရဲ့ နှစ်ငါးထောင်စာထက်ပိုတဲ့နှစ်တွေ ရှိနေတာကို"
"အလယ်ခေတ်နှိပ်စက်ရေးနည်းလမ်းတွေလား"
ဂလု... "ကျွန်တော်ဘာမှမသိဘူး... ကျိန်ဆိုကျိန်ပါတယ်ဗျာ"
"နှစ်စဉ်နှစ်တိုင်း အပြစ်မဲ့တဲ့လူတွေက အပြစ်ရှိတဲ့ကောင်တွေထက် ပိုသေကြတယ်ဆိုတာ မင်းမသိဘူးလား"
နောက်ဆုံးတော့ ဖိန်ရှာအလျှော့ပေးလိုက်ရင်း အချိုသာဆုံးပြုံးလိုက်ကာ "နည်းနည်းလောက်ဆွေးနွေးကြည့်လိုက်ရုံနဲ့ မဖြေရှင်းနိုင်တဲ့ပြဿနာဆိုတာမရှိပါဘူးနော်"
YOU ARE READING
ဝိဉာဉ်ဟိုတယ် (Myanmar Translation)
Fantasyအချိန်အကြာကြီး အလုပ်လက်မဲ့ဖြစ်ခဲ့ပြီး နောက်ဆုံးမှာတော့ "ဖိန်ရှာရှီ" အလုပ်တခုကို ရှာတွေ့ခဲ့လေသည်။ ထိုအလုပ်ကတော့ စင်္ကြာဝဠာတခုလုံးမှာ ရှေးအကျဆုံးဖြစ်တဲ့ ဟိုတယ်ကြီးတခုရဲ့ ဧည့်ကြိုကောင်တာထိုင်ရန်ပင် ဖြစ်သည်။ ထိုဟိုတယ်ကြီးမှာ မိုးကျရွှေကိုယ် တမန်တော်တပါ...