တယောက်ယောက်ကို ဆရာကျကျနည်းလမ်းနဲ့ ညှို့ယူဖြားယောင်းနိုင်တာကို သင်သိပါသလား...
...........
ကမ်းပေးလာသည့်လက်ကိုင်ပဝါကိုယူလိုက်ပြီး သူ့ရဲ့ပြဿနာလေးကို ဖြေရှင်းရန် တဖက်သို့ကုပ်ချောင်းချောင်းဖြင့်လှည့်လိုက်သည်။
ဟီရူးနောက်ဘက်နေရာမှဂျင်ဟာ အနောက်သို့ပြန်ကိုင်းလိုက်ပြီး ဟီရူးကျောပေါ်တွင်သူကိုယ်တိုင်ဆွဲပေးထားသည့် အသဲပုံများကို သဘောကျလို့နေသည်။ အခုတော့ ဟီရူးကိုယ်ပျောက်လူသားပုံစံပြောင်းသွားခဲ့ရင်တောင်မှ သူဟီရူးကို ရှာလို့ရသွားလေပြီ။ သူ့ရဲ့လက်မှုပညာကို သဘောကျသွားပြီး ဂျင်ဟာ မာကာပင်ကိုပြန်ပိတ်လိုက်ပြီး ဖိန်ရှာ၏စူပုပ်နေသည့်မျက်နှာရှိရာထံ လျှောက်လို့လာခဲ့လေသည်။ သူကခပ်တိုးတိုးဖြင့် "အခြေအနေဘယ်လိုလဲ"
လက်ကိုင်ပဝါကိုကိုင်ထားရင်း ဖိန်ရှာပြောလိုက်သည်။ "ဘယ်လိုဖြစ်မယ်လို့ထင်လဲ"
လက်ကိုင်ပဝါတွင်ပေနေသည့် အနီကွက်လေးများကိုကြည့်ရင်း ဂျင်ကခေါင်းယမ်းလေသည်။ "မင်းနှာခေါင်းကထွက်မှတော့ သွေးထွက်တာဘာအရေးလဲ... ဟိုနေရာမှာဆိုတာမှ အဆင်ပြေဦးမယ်... ဘာပဲနေနေ မင်းအဲဒါကိုသုံးသင့်တယ်"
ဂျင့်စကားများကြောင့် ဖိန်ရှာအံ့ဩသွားကာ "သွေးထွက်တာလား"
"မဟုတ်သေးပါဘူး" ဂျင်ကဆတ်ခနဲပြောသည်။ "မင်းက အိုက်စဖယ်ကိုသွေးထွက်စေချင်နေတာလား မင်းက အိုက်စဖယ့်ကို တော့ပ်နိုင်မယ်လို့ ထင်နေတာလား"
"......"
"ဟုတ်ပြီ၊ ဒီလိုနည်းနဲ့ကြည့်ကြည့်မယ်၊ မင်းလေတွန့်နဲ့ချကြတဲ့အခါကျရင် သူ့ကိုချနိုင်မယ်လို့မင်းထင်လား"
အေစဘေးတွင်ထိုင်နေသည့် ပုံရိပ်အသေးလေးအား လှမ်းတိုင်းဆရင်း တွန့်ဆုတ်ဆုတ်ဖြင့်ခေါင်းညိတ်လိုက်သည်။
"လူပုစစ်သည်တော်တွေက ရန်သူတယောက်ကို မိုင်တရာလောက်လွင့်သွားတဲ့အထိ ပုဆိန်ကိုလွှဲခုတ်နိုင်ကြတယ်" ဖိန်ရှာ၏သွေးမရှိဖြစ်သည့်အမူအယာကိုကြည့်ကာ ထပ်ပြောလိုက်သည်။ "တိုက်ကြခိုက်ကြပြီဆိုရင် မင်းလေတွန့်ကိုနိုင်နေဦးမယ်လို့ တွေးတုန်းလား"
YOU ARE READING
ဝိဉာဉ်ဟိုတယ် (Myanmar Translation)
Fantasyအချိန်အကြာကြီး အလုပ်လက်မဲ့ဖြစ်ခဲ့ပြီး နောက်ဆုံးမှာတော့ "ဖိန်ရှာရှီ" အလုပ်တခုကို ရှာတွေ့ခဲ့လေသည်။ ထိုအလုပ်ကတော့ စင်္ကြာဝဠာတခုလုံးမှာ ရှေးအကျဆုံးဖြစ်တဲ့ ဟိုတယ်ကြီးတခုရဲ့ ဧည့်ကြိုကောင်တာထိုင်ရန်ပင် ဖြစ်သည်။ ထိုဟိုတယ်ကြီးမှာ မိုးကျရွှေကိုယ် တမန်တော်တပါ...