အခန်း (၁၆) အကျိုးဆက် (အပိုင်း ၂)

3.4K 657 15
                                    

ပျက်သုဉ်းသွားရသော လျှို့ဝှက်ပူးပေါင်းကြံစည်မှု

🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋

တကယ့်ဖြစ်စဉ်တွင် တက်တက်ကြွကြွပူးပေါင်းပါဝင်ခြင်း မရှိသော်လည်း ထိုတသီးတသန့်ဖြစ်ရပ်၏ အဆုံးသတ်ကို သိရှိရန် ရှာဖွေသည့်နေရာတွင်တော့ ဖိန်ရှာဟာ မဆိုင်းမတွ အချိန်ပင်ဖြုန်းမနေတော့ပါချေ။

ပထမဦးဆုံးအနေဖြင့် ဂျင်ဟာ ခြေချုပ်မိလေတယ်။ ပြောရမယ်ဆိုရင်တော့ သူဟာ အခုချိန်မှစတင်ကာ ဟီရူးအခန်းနှင့် ကိုးမီတာအတွင်း ဘာမှတိတိပပအကြောင်းပြချက် ခွင့်ပြုချက်မရဘဲ ခြေတလှမ်းတောင်မှ လှမ်းခွင့်မရှိတော့ပါ။ ထိုသို့ ကိုးမီတာဟု တိတိကျကျသတ်မှတ်ပေးထားရခြင်း၏ အကြောင်းအရင်းမှာကား ဂျင်ရဲ့အခန်းဟာ ၁၀ မီတာအတွင်းမှာ ရှိနေခြင်းကြောင့် ဖြစ်သည်။

ဒုတိယအနေနဲ့ကတော့ အားလုံးအတွက်ပင်။ သူတို့၏စစ်အေးကာလတိုက်ပွဲအခြေအနေကို အားလုံးက ထိန်းထားနေကြတုန်း။ ပြောရမယ်ဆိုရင်တော့ ဒီယာဟာ ကွင်းဆက်အပြင်ဘက်ကို ထွက်နေတုန်းပဲဖြစ်သည်။

နောက်ဆုံးတခုအနေနဲ့ကတော့ ဂျင်ဟာ နောင်တရခြင်းဟူသော စာချုပ်ကို ချုပ်ဆိုပစ်လိုက်ပါတော့တယ်။ ထိုစာချုပ်တွင်ပါသည့်အကြောင်းအရာများကတော့ စေ့စေ့စပ်စပ်ကို ထိန်းသိမ်းထားလေတယ်။ ဖိန်ရှာရဲ့ ထပ်တလဲလဲ အကျပ်ကိုင် ခြိမ်းခြောက်မှုများမှာတောင် ကျရှုံးခြင်းအဖြစ်သို့ ရောက်ရလေသည်။

ထိုသို့ဆိုလျှင်ဖြင့် စားသောက်ခန်းမတွင်းတွင် ဆီးချိုရောဂါရမတတ် ချိုမြိန်အကဲပိုလွန်းနေသည့်အတွဲမှာ ယခုတော့ တယောက်နှင့်တယောက်ဆီမှ ကာဗွန်ဒိုင်အောက်ဆိုဒ်၏ အနံ့များ ထွက်နေသလား ထင်ရလောက်အောင်ကို ဝေးကွာစွာ ထိုင်နေကြသည်။

ယခုများတော့ ဖိန်ရှာရဲ့ဘဝဟာ ဖျော်ဖြေမှုကြီးတခုဖြင့် သက်တောင့်သက်သာဖြစ်လို့နေရပြီလေ။

နံပါတ်တစ်အနေဖြင့် အာရုံစိုက်ခြင်းကို တောင်းခံနေသည့် သနားစရာကောင်းသည့် ဂျင်...

နံပါတ်နှစ်အနေဖြင့် အန်တိုနီရိုနှင့် ဒီယာတို့၏ တယောက်ကိုတယောက် အူကြောင်ကြောင်ပုံစံဖြင့် ရှောင်ကွင်းသွားနေကြပုံများ...

ဝိဉာဉ်ဟိုတယ် (Myanmar Translation)Where stories live. Discover now