Chapter 1.2

9.9K 1.3K 106
                                    


Unicode

(လက်ထပ်ကြစို့)

" မင်း..... "ရှဖန် နားကြားမှားနေသည်ဟု ထင်‌နေမိသည်။

" ရှင်ကလည်း ရှင့်အမေရဲ့သောကတွေလျော့ပါးအောင်လို့ လက်ထပ်ရမယ့် တစ်စုံတစ်‌ယောက်ကိုလိုက်ရှာနေပြီး‌တော့ ကျွန်မကလည်း လက်ထပ်ချင်တယ်‌လေ။ပြီး‌တော့ ကျွန်မတို့ စာရွက်စာတမ်းတွေအပြည့်အစုံနဲ့ ပြည်သူ့ရေးရာဗျုရိုတံခါးရှေ့မှာလည်း ရောက်နေ
ကြပြီ " အနီရောင်စာအုပ်ကို ကိုင်ထားရင်း ယွီသုံ ‌ပြောလိုက်သည်။

" အရေးအကြီးဆုံးအချက်ကတော့ ကျွန်မတို့ရည်းစားဟောင်း
‌တွေနဲ့လည်း ပျက်သွားကြပြီ။ဒါက ကံကြမ္မာပဲ "

အနီရောင်မှတ်ပုံတင်စာအုပ်အသစ်ကိုကိုင်ဆောင်လျက် ပြည်သူ့ရေးရာဗျုရို‌ရှေ့မှ‌ ‌ပြန်လည်ထွက်ခွာလာခဲ့သည့်တိုင် မည်ကဲ့သို့လက်ထပ်ဖြစ်ခဲ့သည်ကိုတွေး‌တောရင်း ရှဖန်တစ်ယောက် အံ့ဩမှုများ‌ဖြင့်‌ ‌တွေဝေ‌ငေးငိုင်လျက်ရှိသည်။

သူ ပြည်သူ့ရေးရာဗျုရိုရဲ့တံခါး‌ရှေ့မှာဘဲ မိန်းမတစ်ယောက်ရလာခဲ့တာလား?

သူ၏ဘေးမှ ကိုလာဘူးကြီးကိုသောက်‌နေသည့်မိန်းကလေးကို ရှဖန် တိတ်တဆိတ်ကြည့်လိုက်မိသည်။သူမ၏မျက်နှာမှာ နုနယ်လှပပြီး ကျောင်းပြီးခါစ မိန်းမပျိုလေးနှင့်တူလှ‌ပေသည်။

" ကိုလာက မင်းရဲ့ကျန်းမာရေးအတွက်မကောင်းဘူး "ရှဖန် သူမအား သတိပေးလိုက်သည်။

" ကျွန်မအရမ်းငိုထားရ‌တော့ ရေဓာတ်နည်းနေပြီ "သူမ မရပ်တန့်
ခင် ပုလင်းတစ်ဝက်ကုန်အောင်သောက်လိုက်သည်။

" ယောက်ျား...ကျွန်မဗိုက်ဆာနေပြီ။တစ်ခုခုစားရအောင် စားသောက်ဆိုင်တစ်ဆိုင်ဆိုင် ရှာကြည့်လိုက်ဦး "

ယောက်ျား?ရှဖန်၏ခန္ဓာကိုယ်တစ်ခုလုံး ‌တောင့်တင်းသွား‌လေသည်။

" ကျွန်မရဲ့ခရီးဆောင်အိတ်ကို ကူဆွဲပေးဦး။ချည်ဖောင်က ဒီလောက်လေးလိမ့်မယ်ဆိုတာ ကျွန်မ မသိခဲ့ဘူး " ထိုစဉ် သူမက ထပ်မံညွှန်ကြားလာပြန်သည်။

ရှဖန်အနေဖြင့် အနည်းငယ် စိတ်မသက်မသာဖြစ်နေသော်လည်း သူ
သည် အမျိုးသမီးများအား ကူညီ‌လေ့ရှိသည့်အပြင် ထိုမိန်းကလေးသည် သူ၏ဇနီးသည် ဖြစ်နေပြီဖြစ်‌သော‌ကြောင့် ကူမ‌ပေးလိုက်သည်။

Rebirth on the Doors to the Civil Affairs Bureau(ဘာသာပြန်)Where stories live. Discover now