Chapter 13

6.8K 1K 46
                                    

Unicode

ယွီသုံ နိုးလာသည့်အချိန်၌ ရှဖန်မှာ ဆေးရုံသို့ ထွက်သွားပြီဖြစ်သည်။တချို့လူ‌တွေက နေ့စဉ်ရက်ဆက် အချိန်နည်းနည်းပဲအိပ်ရပေမယ့် ဘယ်လိုလုပ်ပြီး အလုပ်ကို ဒီလောက်အကြာကြီး လုပ်နိုင်ရလည်ဟု ‌တွေး‌မိကာ သက်ပြင်းချ‌‌လိုက်သည်။

ယွီသုံသည် ရှောင်ယွဲ့၏အသံသွင်းစတူဒီယိုသို့သာ သွားရန်ရည်ရွယ်ထားသောကြောင့် အပင်ပန်းခံ၍ မိတ်ကပ်မလိမ်းတော့ဘဲ ထွက်လာခဲ့သည်။‌နေ့လည်စာအတွက်မူ ‌မြေအာက်ရထားဘူးတာရုံအဝင်ပေါက်မှ ဘန်းမုန့်များ ဝယ်လာခဲ့လိုက်၏။

တီဗွီဇာတ်လမ်းတွဲအတွက် အသံသွင်းပြီးသွားပြီဖြစ်သဖြင့် စတူဒီယိုတစ်ခုလုံး တိတ်ဆိတ်နေလေသည်။ဒါပေမယ့်လည်း ရှန်းရှောင်ယွဲ့ကတော့ ဒီမှာရှိနေသင့်တာမဟုတ်ဘူးလား?

ဧည့်ခန်းနှင့်ဧည့်ကြိုကောင်တာပါ ရှင်းလင်းနေသဖြင့် ယွီသုံ အံ့ဩသွားရသည်။

" ရှောင်ယွဲ့ "

" ဘယ်ရောက်နေတာပါလိမ့်? "ယွီသုံ ဖုန်းထုတ်၍ ရှန်းရှောင်ယွဲ့အား ခေါ်လိုက်သည့်အခါမှ သူမ၏ဖုန်းသံသည် အစည်းအဝေးခန်းထဲမှ ထွက်လာနေသည်ကို ကြားလိုက်ရသည်။

ထို့‌ကြောင့် ယွီသုံလည်း အစည်းအဝေးခန်းတံခါး ဖွင့်ကြည့်လိုက်သည့်အခါ ရှန်းရှောင်ယွဲ့သည် စားပွဲပေါ်၌ လဲကျနေပြီး သူမ၏မျက်နှာတွင်လည်း နာကျင်မှုအပြည့်ပင် ဖြစ်သည်။

" ရှောင်ယွဲ့...ဘာဖြစ်နေတာလည်း? "သူမ အလောတကြီး ပြေးသွားလိုက်သည်။

" နာ...နာတယ်! "ရှောင်ယွဲ့က ချိနဲ့စွာပြောလာခဲ့သည်။

" ဘယ်နေရာက နာတာလည်း? "

" ဗိုက်! "ရှောင်ယွဲ့၏‌အသံသည် သူမ ကြားနိုင်ရုံမျှသာဖြစ်သည်။

" ငါ နင့်ကို ဆေးရုံ ခေါ်သွားပေးမယ်နော် "ယွီသုံလည်း တက္ကစီဌားပြီး မြို့တော်ဆေးရုံသို့ ရှန်းရှောင်ယွဲ့နှင့်အတူ ထွက်လာခဲ့သည်။

ဆေးရုံသို့ရောက်လာသည့်အချိန်၌ ယွီသုံ အံ့ဩသွားရသည်။‌ဆေးရုံမှာက တကယ့်ကို ပိတ်ရက်မရှိတာပါလား.....လူတွေအပြည့်ပဲ။

Rebirth on the Doors to the Civil Affairs Bureau(ဘာသာပြန်)Where stories live. Discover now