Chapter 27

6.8K 987 50
                                    

Unicode

မြို့ပြင်တစ်နေရာ၌

ကားပါကင်ထိုးပြီးသည့်နောက် ယွီသုံသည် ရှဖန်နှင့်ဖုန်းပြောရင်း အဆောက်အဦးတစ်ခုဆီသို့ လမ်းလျှောက်လာခဲ့သည်။

" ရှင် ရောက်‌ပြီလား? "

" အင်း...အခုလေးတင်ရောက်တာ "ထို့နောက် ရှဖန်သည် နာရီကိုကြည့်ကာ ယွီသုံအား သတိပေးလိုက်သည်။" မင်း မနက်စာစားတာ ထပ်နောက်ကျနေဦးမယ်...မြန်မြန်သွားစားလိုက်တော့ "

" ကျွန်မ ဒီနေ့မနက်စာစားပြီးသွားပြီ။အခု ရိုက်ကွင်းကတာဝန်ရှိသူတွေနဲ့ ‌ပြောစရာရှိလို့ သွားနေတာ "

" အဲ့ဒီရုပ်ရှင်စတူဒီယိုက မြို့ပြင်မှာမဟုတ်လား? "

" အင်း...ဟုတ်တယ်လေ! "

" ဒီအချိန်မှာ အဲ့ဒီကို‌ရောက်အောင်ဆိုရင် မနက်အစောကြီးထရတာ လား?မင်း အိပ်ရေး၀၀မအိပ်ရင် မူးနောက်နောက်ဖြစ်ပြီးတော့ အာရုံစိုက်မရဘဲ ဖြစ်လိမ့်မယ်။ပြီး‌တော့ ကားလည်းမမောင်းသင့်ဘူး "

" ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလည်း?တစ်ကယ်လို့ ရှင် မူးနောက်နောက်နဲ့အိပ်ယာထလာရင်တောင် ရေအေးလေးနဲ့မျက်နှာသစ်လိုက်ရင် ပြန်ပြီးတော့ လန်းဆန်းတက်ကြွလာလိမ့်မယ် "ယွီသုံ မကျေမနပ်ဖြင့် ဆက်‌ပြောသည်။" ကျွန်မက ကုမ္ပဏီရဲ့ ညှိနှိုင်းရေးတာဝန်ခံပါနော်...ရှင်က ကျွန်မကို အမြဲအိပ်ချင်‌နေတဲ့ကလေးတစ်ယောက်လိုမျိုး ပြုမူနေတာပဲ "

" ဟုတ်ပါပြီကွာ...မင်းက အတော်ဆုံးပါဘဲ! "ထိုသို့ပြောပြီး ရှဖန်ရယ်လေတော့သည်။

" ရှင့်ရဲ့အသံက ဘာလို့ ကျွန်မကို လှောင်သလိုဖြစ်နေရတာလည်း?  "ယွီသုံ ဖျစ်တောက်ဖျစ်တောက် ပြောလိုက်သည်။

" ကိုယ် ဘာမှမ‌ပြောပါဘူးကွာ...Oh...ဒါရိုက်တာရောက်လာပြီ "

" ဒါဆိုလည်းသွားတော့လေ "

" Bye Bye "

သူမလည်း ဖုန်းချပြီးသည့်‌နောက် ဒါရိုက်တာလော့၏ဝန်ထမ်းဖြစ်ဟန်တူသော လူတစ်ယောက်အနားသို့ ချဉ်းကပ်လာခဲ့သည်။

" ဟယ်လို...မန်နေဂျာယွီ "ယွီသုံအားနှုတ်ဆက်လိုက်သည့် ထိုသူသည် လက်ထောက်ဒါရိုက်တာ ဝမ်ရှင်းဖြစ်သည်။

Rebirth on the Doors to the Civil Affairs Bureau(ဘာသာပြန်)Where stories live. Discover now