Chapter 16.2

6.1K 1K 22
                                    

Unicode

" ရှင်းရှင်းက ဘယ်လိုနေသေးလည်း? "စတူဒီယို၌ရှိနေသည့် ယွီသုံက ရှန်း‌ရှောင်ယွဲ့အား မေးလိုက်သည်။

" အခုထိ ဝမ်းနည်းနေတုန်းပဲ "သူမ၏တိုက်ခန်းတွင် တ‌စ်‌နေကုန်ငိုနေသည့် ရန်ရှင်းရှင်းကို ရှန်းရှောင်ယွဲ့သတိရမိသွားပြီး ချီတုံချတုံဖြစ်သွားသည်။" ငါတို့ အမှားလုပ်မိပြီလား? "

" မဟုတ်ဘူး! "

" နင်မှန်ပါတယ်...!3Pဆိုတာ မကောင်းတဲ့လူစုတ်ကောင်တွေမှ လုပ်နိုင်တာကို...ငါတို့သူငယ်ချင်းကို သေချာပေါက် အဲ့လိုမဖြစ်စေချင်ဘူး "ရှန်းရှောင်ယွဲ့ အံကြိတ်ကာ ပြောလေသည်။

ယွီသုံက လိပ်ပြာမလုံစွာဖြင့် ရှန်းရှောင်ယွဲ့ကို ‌ပြောပြလိုက်သည်။" အင်း...တကယ်တော့ သိပ်မသေချာဘူးဟ! "

" နင်ဘာပြောတာလည်း? "

" သူဘာလုပ်နေလည်းဆိုတာကို‌ ငါ သေချာမမြင်ရပေမယ့် မိန်းမနှစ်ယောက်နဲ့ဇယားရှုပ်နေတာကို‌တော့ ငါမြင်ခဲ့တယ်။အဲ့တာကြောင့် သူ မဟုတ်သုတ်ခတွေလုပ်နေတယ်လို့ ငါတွေးမိလိုက်တာ။ရှင်းရှင်းကို သူ ဒီလိုမျိုးဆက်ဆံတာ လုံးဝလက်မခံနိုင်ဘူး "

" ဟုတ်တယ်...အဲ့ဒီအကောင်က သနားစရာကောင်းတဲ့ ငါတို့ရဲ့ရှင်းရှင်းကို သေချာပေါက်အမြတ်ထုတ်နေတာပဲ။ပြီးတော့ ရှင်းရှင်းက သူရဲ့ပိုက်ဆံကိုပဲ စိတ်ဝင်စားတယ်လို့က ပြောသေးတယ် "

" ဒါနဲ့...သုံသုံ...ငါတို့ ဒီအတိုင်းပဲ ကောင်းကောင်းဆက်လုပ်မယ်ဆိုရင် တစ်ရက်ရက်မှာတော့ ငါတို့ရဲ့စတူဒီယိုက ကြီးလာမှာပါနော် "

ယွီသုံ စဉ်းစားကြည့်‌သောအခါ ယခင်ဘဝက ရှန်းရှောင်ယွဲ့သည် ၂နှစ်ကြာပြီးနောက်တွင် လက်ထပ်ခဲ့သည်။ထို့နောက် သူမက စင်ကာပူတွင် အခြေချရန်‌ပြောင်းရွှေ့သွားပြီး စတူဒီယိုကို အခြားသူတစ်ဦးအား လွှဲပြောင်းပေးခဲ့သည်။

" ဟေး...နင် ဘာလို့ ဘာမှမပြောတာလည်း? "ယွီသုံသည် သူမအား စိတ်လွတ်သလိုကြည့်နေသဖြင့် ရှန်းရှောင်ယွဲ့က‌ ‌မေးလာခဲ့သည်။

" ငါ့ကို ရှယ်ယာနည်းနည်း‌ပေး "ယွီသုံက ရုတ်တရက် ထ‌ပြောလိုက်သည်။

Rebirth on the Doors to the Civil Affairs Bureau(ဘာသာပြန်)Where stories live. Discover now