Chapter 7.1

6.5K 980 24
                                    

Unicode

ရှဖန် အထူးကြပ်မတ်ခန်းထဲသို့ဝင်၍ မိခင်ဖြစ်သူအား စစ်ဆေးပြီးသည့်နောက် ပုံမှန်အတိုင်းပင်ဖြစ်သောကြောင့် ပြန်ထွက်လာခဲ့လိုက်သည်။

ထိုစဉ် သူနာပြုခေါင်းဆောင်ဖြစ်သည့်အမလျိုသည် ရှဖန် တစ်နာရီတစ်ခါ လာနေသည်ကို မြင်ရ‌သောအခါ၌ ရှဖန်ကို ပြောလာခဲ့သည်။" ဒေါက်တာရှ...စိတ်ဖြောင့်လက်ဖြောင့်နဲ့ နားလိုက်ပါလား...ကျွန်မတို့အားလုံး ကြည့်ထားပေးပါ့မယ်။တစ်ခုခုဆိုရင်လည်း သေချာပေါက် ချက်ချင်း လာပြောပေးပါ့မယ်။ခဏခဏ လာလိုက်ပြန်လိုက် လုပ်မနေပါနဲ့တော့ "

" အမလျို ကျွန်တော်က စိတ်မပူပေမယ့်... "

ရှဖန် ရှင်းပြရန် ပြင်လိုက်ဆဲမှာပင် သူနာပြုလျိုသည် ရယ်၍ ကြားဖြတ်ပြောလိုက်သည်။" ဒေါက်တာရှက ဘယ်လောက်သားသမီးကောင်း ပီသလဲဆိုတာ ကျွန်‌မတို့အားလုံးသိပါတယ် "

ထိုအခါ ရှဖန်လည်း ရှက်ပြုံး ပြုံး၍ ပြန်‌ပြောလိုက်သည်။" ဒါဆို အစ်မတို့ကို အလုပ်ရှုပ်စေ‌မယ်ဆိုတာ သိပေမယ့်လည်း အကူအညီတောင်းပါတယ်ဗျာ "

ရှဖန် နားနေခန်းသို့ နောက်တစ်ကြိမ်ပြန်‌ရောက်သွားသည့်အခါ၌ ရှောက်ရိဖန်သည်လည်း လူနာများကိုကြည့်ရှုပြီးဖြစ်၍ ပြန်လာပြီဖြစ်သည်။

" မင်း ‌ဒီနေ့တာဝန်ချိန်လဲထားတာလား? "ရှဖန် အံ့ဩတကြီးဖြင့် ရှောက်ရိဖန်အား မေးလိုက်သည်။

" ငါ မဟုတ်ပါဘူးကွာ...ဟိုကလေး လီရိက သူ့အစားဝင်ပေးဖို့ ပြောထားလို့ပါ။သူက သူ့ကောင်မလေးနဲ့ ရုပ်ရှင်ကြည့်ချင်လို့တဲ့။ပြီး‌တော့ ငါက ဒီအိပ်ဆောင်မှာအိပ်တဲ့ တစ်ဦးတည်းသောလူပျိုလေးဆိုတော့ ဒီမှာရှိနေရတာပေါ့ကွာ "

ရှဖန် ရယ်‌မောရင်းဖြင့် ရှောက်ရိဖန်၏စကားကို ပြန်လည်ချေပရင်းပြောလိုက်သည်။။" မင်းချိန်းတွေ့တဲ့အခါတိုင်းလည်း ငါက အစားဝင်ပေးတာရတာပဲလေ "

" ငါက ဘယ်သူနဲ့လည်း?မင်းနဲ့အန်အန်းသာ... "ရှောက်ရိဖန်လည်း အန်အန်းအကြောင်း ပြောမိသည့်အချိန်မှ သတိရသွားတော့သည်။" ဒါနဲ့..စကားမစပ်...အန်အန်းက ငါ့ကိုဖုန်းဆက်ပြီး အန်တီအဆင်ပြေလား မေးနေတယ်။ငါလည်း ခွဲစိတ်မှု‌အောင်မြင်ကြောင်း ပြောပြလိုက်တယ် "

Rebirth on the Doors to the Civil Affairs Bureau(ဘာသာပြန်)Όπου ζουν οι ιστορίες. Ανακάλυψε τώρα