Extra 3

10.8K 1K 126
                                    

Unicode

ရန်ရှင်းရှင်းသည် ကြီးကျယ်ခမ်းနားလှသည့် ရှန်ဟိုင်းပြဇာတ်ရုံ၏မနီးမဝေးရှိ ကဖေးတစ်ခုတွင် ပွဲမစခင် ‌စောင့်ဆိုင်းရင်း ထိုင်နေခဲ့သည်။Wechatမှတစ်ဆင့် msgပို့လိုက်ပြီးနောက် သမီးဖြစ်သူ၏ကိတ်မုန့်များဖြင့် ပေကျံနေသည့်မျက်နှာကို မော့ကြည့်လိုက်သည်။

" ကိတ်မုန့်က သမီးရဲ့ပါးစပ်ထဲမဝင်ဘဲနဲ့ မျက်နှာပေါ်ပဲရောက်သွားတယ်ထင်တယ် "ရန်ရှင်းရှင်းရယ်လိုက်ပြီး လက်သုတ်ပဝါတစ်ထည်ကိုယူကာ သမီးဖြစ်သူ၏ပါးစပ်ကို သုတ်ပေးလိုက်သည်။

" မေမေ...ဒီချောကလက်ကိတ်က အရသာရှိတယ် "ခေါင်းလောင်းလေးက မျက်လုံးလေးကို မှိတ်သုတ်မှိတ်သုတ်လုပ်ရင်း ပြောလာသည်။" သမီး နောက်တစ်ခုစားချင်တယ် "

" ကိတ်တွေအများကြီးစားတာက မကောင်းဘူးလေ။သမီးရဲ့သွားတွေ သွားပိုးစားပြီး ကျိုးကုန်လိမ့်မယ် "

" ဒါပေမယ့် ချီချီပြောတာကတော့ ကလေးတွေက သကြားနည်းနည်းလေးစားရင်တောင်မှ အသက်ကြီးလာရင် သွားကျိုးသွားပြီးတော့ အသစ်ပြန်ပေါက်လာတယ်တဲ့ "အန်တီရှောင်ယွဲ့က သူမအမေကဲ့သို့ပြောလာသည်ကို ချီချီက ထိုကဲ့သို့‌ပြန်လည်ချေပပြောလိုက်ခြင်းကို ခေါင်းလောင်းလေးမှတ်မိ‌သေးသည်။

ဒီချီချီကတော့...၄နှစ်အရွယ်ကလေးက ဘယ်လိုလုပ်ပြီး ဒီလိုအရာတွေကို သိနိုင်ရတာလည်း?

" ဒါပေမယ့် သဘာဝအတိုင်းကျိုးသွားတာမဟုတ်ရင် ပေါက်လာတဲ့သွားအသစ်က ခိုင်မာမှာမဟုတ်ဘူးလေ "ရန်ရှင်းရှင်းသည် သူမ၏သမီးကို စိတ်ရှည်လက်ရှည်ဖြင့် ရှင်းပြလိုက်သည်။" ပြီးတော့ သမီး ကိတ်တွေအများကြီးစားရင် ဝလာလိမ့်မယ်နော်။ဘယ်သူကမှ မဝချင်ဘူးလေ... "

" သမီး ကိတ်မုန့်ထပ်မစားတော့ရင် လူတိုင်းက သမီးကို ချစ်ကြမှာလား? "

" ဒါပေါ့ "

" မေမေလိမ်တယ်...အန်တီသုံသုံပြောတာကတော့ လူတိုင်းကြိုက်တဲ့ တစ်ခုတည်းသောအရာက Renminbiတဲ့...အဲ့တော့ သမီးမဖြစ်နိုင်ဘူး  "

(Note...Renminbi=China Currency)

ဒီယွီသုံကတော့...ကလေးတွေရှေ့မှာ ဘာပြောထားပါလိမ့်?ချီချီက အရမ်းငယ်သေးပေမယ့်လည်း ဒီလောက်ထူးဆန်းနေတာ အံ့ဩစရာမရှိပါဘူး။

Rebirth on the Doors to the Civil Affairs Bureau(ဘာသာပြန်)Where stories live. Discover now