Chapter 41

5.7K 927 87
                                    

Unicode

ရှဖန်၏ကမောက်ကမအဖြစ်သည် ယွီသုံ သူမ၏လက်ထဲ၌ ပန်းကန်ပြားများကိုကိုင်၍ ပေါ်လာသည်အထိ မပြေလည်သေးပေ။

အစားအသောက်များအားလုံး ချခင်းပြီးသည့်နောက် လူအားလုံးသည် ညစာစားရန်အတွက် ထမင်းစား စားပွဲသို့ ဦးတည်သွားကြလေသည်။

" နင်တို့ပြန်လာမယ်ဆိုတာ အမေလည်းကြားရော ဟင်းပန်းကန်တစ်ဝက်‌လောက်က နင့်အကြိုက်တွေ ဖြစ်သွားတော့တာပဲ "ပန်းကန်ပြားအနည်းငယ်ကို ညွှန်ပြရင်း ယွီစုန့်ပြောလိုက်သည်။

" နောက်တစ်ဝက်က မင်းမကြိုက်တဲ့ ဟင်းတွေလေ "မာမားယွီလည်း သားဖြစ်သူအား စိတ်ဆိုးဟန်ဖြင့် ကြည့်လိုက်သည်။

" အမေ...‌ကျေးဇူးတင်ပါတယ်! "မိခင်ဖြစ်သူ၏ဟင်းပွဲများကို မမြည်းစမ်းခဲ့ရသည်မှာ အချိန်အတော်ကြာပြီဖြစ်သည်။ယခင်ဘဝ၌ မိခင်ဖြစ်သူ၏ဟင်းပွဲများကိုစားချင်သော်လည်း ညစာစားသည့်အချိန်တိုင်း ဆုံးမသွန်သင်ခြင်းခံရသဖြင့် စားချင်စိတ်မရှိတော့ပေ။

ပါပါးယွီမှာမူ အရက်ကို အနည်းငယ်စွဲလန်းနေသည့်အတွက် ညစာစားသည့်အချိန်တိုင်း ဝိုင်ပုလင်းလေးကိုဖွင့်၍ နှစ်ငုံစာခန့်သောက်လေ့ရှိသည်။ယ‌နေ့၌မူ သူ စားပွဲပေါ်၌ ပုလင်းလေးတင်လိုက်သည့်အချိန်မှာပင် ဆွဲယူသွားခြင်း ခံရလေသည်။

ပါပါးယွီ ရှဖန်ကိုကြည့်လိုက်သည့်အခါ ရှဖန်သည် ချိုသာစွာပြုံး၍ ပြောလာလေသည်။" အန်ကယ်...ကျွန်တော် ထည့်ပေးပါရစေ "

ပါပါးယွီကိုထည့်ပေးပြီးသည့်နောက် ရှဖန် ပုလင်းကို ပြန်ချထားလိုက်သည်။၎င်းကိုသတိထားမိသည့် ပါပါးယွီသည် ရှဖန်၏ လွတ်နေသည့်ဖန်ခွက်ကို တိတ်တဆိတ် လှမ်းကြည့်လိုက်သည်။

ပါပါးယွီသည် သူ၏ခွက်ကို ငေးကြည့်နေမှုကို ရှဖန်လိုက်ကြည့်လိုက်ပြီးနောက် အနည်းငယ်အခက်‌တွေ့ဟန်ဖြင့် ပြောလိုက်သည်။" အန်ကယ်...ကျွန်တော် အများကြီးမသောက်နိုင်ဘူး "

" ဟမ်း... "ပါပါးယွီလည်း အတင်းအကျပ်မတိုက်တွန်းတော့ဘဲ သူ၏ခွက်ကိုသာ ‌ကောက်ယူပြီး အားရပါးရမော့ချလိုက်သည်။

Rebirth on the Doors to the Civil Affairs Bureau(ဘာသာပြန်)Where stories live. Discover now